29 C
Yangon

ကနီနှင့် တန့်ဆည်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ Gyrocopter၊ စက်တပ်လေထီးတို့ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter၊ စက်တပ်လေထီးတို့ဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၂ ရက်နေ့ နံနက် ၆ နာရီ ၅၀ မိနစ်မှ ညနေ ၆ နာရီကျော်ထိ အကြမ်းဖက် စစ်တပ်က ကနီမြို့နှင့် ရေလယ်ကျွန်းပျူစောထီးရွာအနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter၊ စက်တပ်လေထီးတို့ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း မင်းကုန်းရွာမှ ပြည်သူပိုင် နေအိမ် ၃ လုံးပျက်စီးခဲ့ပြီး အသက် ၇၁ နှစ်ခန့်အရွယ် အဘိုးအို ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စိန်ကုန်းရွာတွင် နေထိုင်သော အသက် ၄၈ နှစ် အရွယ် အမျိုးသမီး ၁ ဦးလည်းသေဆုံးခဲ့ပြီး အသက် ၈၃ နှစ်အရွယ် အဘွားအို ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်၏ နမခမှ တက်လာသော Gyrocopter ၁ စီးက ရေလယ်ကျွန်းပျူစောထီးစခန်းအနီးကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်နှင့် လမ်းမီးတိုင်တချို့ ပျက်စီးမှုရှိခဲ့ကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်အချိန်တွင် တံတားဦးလေတပ်မှ တက်လာသော တိုက်လေယာဉ် ၁ စီးဖြင့် တန့်ဆည်မြို့နယ် ကံထူးမရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ​ပေါင် ၂၅၀ ဗုံးသီး ၂ လုံးဖြင့် တစ်ပြိုင်တည်း ဗုံးကျဲချတိုက်ခဲ့ကြောင်း၊ အဆိုပါဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှုများမရှိသောလည်း နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့ပြီး လမ်းမီးဓာတ်တိုင်များလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက ကံထူးမရွာကို တိုက်ပွဲမရှိဘဲ တမင်လာပစ်သွားတာပါ။ တံတားဦး​လေတပ်က​နေတက်လာတဲ့ ဖိုက်တာ ၁ စီးနဲ့ ဗုံးသီး ၂ လုံး တစ်ပြိုင်တည်း ချသွားတာ။ ဒါ တတိယအကြိမ်ပါ။ မနှစ်က ၉ လပိုင်းမှာ ပထမအကြိမ်နဲ့ ၁၁ လပိုင်းထဲတွင် ဒုတိယအကြိမ် ​လေ​ကြောင်းပစ်ခတ်ခဲ့တာပါ။ အရင် ၂ ခါက လူအထိအခိုက်များခဲ့ပီး ဒီတခါ လူအထိအခိုက်မရှိလို့ ကံ​ကောင်းတယ်​ပြောရမယ်။ ​နေအိမ်​တွေ​ဘေးကပ် ကျခဲ့​ပေမယ့် ကံ​ကောင်းလို့ လူအထိအခိုက်မရှိတာ အိမ်တချို့နဲ့ လမ်း​ဘေးဓာတ်တိုင်နဲ့ သစ်ပင်အချို့ ပျက်စီးသွားပါတယ်။ အိမ်​တွေက ပျက်စီးမှု ကြီးကြီးမားမား မရှိကြဘူး”ဟု Infinity Group မှ တာဝန်ရှိသူက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article