By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇန်နဝါရီ ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အာရက္ခတပ်တာ် AA နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲတွေတွေမှာ အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း တပ်သား သစ်တွေကို ရှေ့တန်းတွေမှာ အဓိက အသုံးပြုပြီး အင်အား ၁၁၈ ဦးပါ စစ်ကြောင်းဆိုရင် စစ်မှုထမ်း တပ်သားသစ် ၆၀ ကျော် သေသွားကြတယ်လို့ AA တပ်ဖွဲ့တွေမှာ ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်း စစ်မှုထမ်းတပ်သား ချစ်ကိုဇင်က ဝန်ခံထွက်ဆိုထားပါတယ်။
အမေရိကန် ဖက်ဒရယ်တရားရုံးက မြန်မာနိုင်ငံသားတွေအတွက် ယာယီခိုလှုံနေထိုင်ခွင့်-TPS ရပ်ဆိုင်းလိုက်တဲ့ အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းလိုက်တဲ့ အမိန့်တစ်ရပ်ကို ဒီကနေ့မှာပဲ ဖက်ဒရယ်တရားရုံးကနေ အတည်ပြု အမိန့်ချ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ “အတုအယောင်”သာဖြစ်တဲ့အတွက် ကမ္ဘာ့နိုင်ငံတွေက ပယ်ချဖို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ တွမ်အိမ်ဒရူးစ် က ထပ်မံတိုက်တွန်း လိုက်ပါတယ်။
အမေရိကန် နဲ့ အီရန်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် တစ်ဖက်မှာလည်း အစ္စရေးက အီရန်ကို တိုက်ခိုက်ဖို့ အခွင့်အလမ်းရှာနေတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီးက သတိပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




