25 C
Yangon

Khit Thit သတင်းဌာန၏ ဇန်နဝါရီ ၂၅ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– တစ်နိုင်ငံလုံး စစ်မှုထမ်းဥပဒေအကြောင်းပြပြီး လူငယ်တွေတင်မက လူကြီးတွေကိုပါ ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်တာတွေ အကြီးအကျယ်ဖြစ်ပွားနေတယ်လို့ ကျောက်ပန်းတောင်းမြို့နယ်အခြေစိုက် မဘသ ဘုန်းကြီးတစ်ပါးက ဝန်ခံပြောဆိုလိုက်ပါတယ်။

– အကြမ်းဖက် စစ်တပ်က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ရောက်နေတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို သူတို့လုပ်မယ့် ရွေးကောက်ပွဲအပိုင်း ၃ အတွက် ကော့ကရိတ်မြို့ကိုပြန်ပြီး မဲသွားပေးဖို့ အတင်းအကျပ် ဖိအားပေးစေခိုင်းခဲ့တယ်လို့ ဒေဿခံတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်ရဲ့ ခလရ ၅၀ တပ်ရင်းအနီးမှာရှိတဲ့ စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ဒုရဲအုပ်တစ်ဦး သေသွားတဲ့အပြင် ၊ နောက်ထပ် ၄ ဦးက ဒဏ်ရာတွေရထားတယ်လို့ ယောအလင်းတန်းရဲ့ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

-အမေရိကန်က မိတ်ဖက်နိုင်ငံတွေကို စစ်ရေးထောက်ပံ့မှု ကန့်သတ်သွားမယ်လို့ ပင်တဂွန်ကနေ ကြေညာလိုက်ပါတယ်။ လက်ရှိ အမေရိကန်အစိုးရအနေနဲ့ မိတ်ဖက်နိုင်ငံတွေအပေါ် ပေးနေတဲ့ စစ်ရေးထောက်ပံ့မှုတွေကို အရင်လိုအပြည့်အဝ မပေးတော့ဘဲ ပိုမိုကန့်သတ်ထားတဲ့ အဆင့်နဲ့သာ ပံ့ပိုးသွားမယ်လို့ ပင်တဂွန်ရဲ့ နောက်ဆုံးထုတ် အမျိုးသားကာကွယ်ရေး မဟာဗျူဟာမှာ ဖော်ပြထားတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article