34 C
Yangon

ဖလမ်းနှင့် မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် Sunthla ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူပိုင်နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်းတွင် ဖလမ်းမြို့နယ်အတွင်းရှိ Sunthla ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ် နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက တိုက်ပွဲမှာ အထိနာလို့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဆက်လက်ကို ဗုံးကျဲ တိုက်နေတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားသော ဖလမ်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က ထိခိုက်မှုများပြားနေခြင်းကြောင့် အရပ်သားပြည်သူများရှိရာ ကျေးရွာများကို ပစ်မှတ်ထား၍ နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က Gyrocopter ဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြင်းခြံမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးရှိမရှိကို မသိရသေးဘူး။ ထိခိုက်မှု အခြေအနေကို ဆက်လက်စုံစမ်းဆဲပါ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article