34 C
Yangon

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများကို မလွှတ်ဘဲ မြန်မာစစ်တပ်က ရွေးကောက်ပွဲကျင်းပမှုအပေါ် စိတ်ပျက်မိဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ထုတ်ပြန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းဆီးထားသူများကို မလွှတ်ဘဲ မြန်မာစစ်တပ်က ရွေးကောက်ပွဲကျင်းပမှုအပေါ် စိတ်ပျက်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေဂီ တိုရှီမိဆု- MOTEGI Toshimitsu က ယမန်နေ့ သဘောထားကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတေဂီ တိုရှီမိဆု (MOTEGI Toshimitsu) က ယမန်နေ့တွင် ထိုကဲ့သို့သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူအားလုံးကို ပြန်လည်လွှတ်ပေးရန်နှင့် သက် ဆိုင်သူများအကြား ရိုးသားစွာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံတကာမိသားစုက အကြိမ်ကြိမ်တိုက်တွန်းခဲ့သော်လည်း ယင်းတောင်းဆိုချက်များကို အကောင်အထည်ဖော်ခြင်းမရှိဘဲ ရွေးကောက်ပွဲကို ကျင်းပခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပြုသည်။

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေးနှင့် နိုင်ငံရေးတိုးတက်မှုဖြစ်စဉ်များကို ဆက်လက်အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် ဖမ်းဆီးထားသူများအားလုံးကို ပြန်လွှတ်ပေးရန်အတွက်လည်း ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ဝန်ကြီးက အလေးအနက် ပြောဆိုသည်။

မြန်မာပြည်သူများအတွက် ထားရှိသော ဂျပန်နိုင်ငံ၏ မူဝါဒနှင့် ပတ်သက်၍လည်း အခက်အခဲကြုံတွေ့နေရသည့် ပြည်သူများဆီသို့ တိုက်ရိုက်အကျိုးခံစားခွင့်ရရှိမည့် လူသားချင်းစာနာမှု အကူအညီများနှင့် ပြည်သူတို့၏ ဘဝမြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးမှုများကိုမူ ဆက်လက်တက်ကြွစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန် ပြောဆိုထားသည်။

ဂျပန်အစိုးရက မြန်မာနိုင်ငံတွင် ၂၀၂၀၁ ခုနှစ်စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံ ရေးအကျဉ်း သား များကို ချက်ချင်းလွှတ်ပေးရန်၊ တွေ့ဆုံဆွေးနွေးမှုများဖြင့် ဒီမိုကရေစီ လမ်းကြောင်းထံသို့ ပြန်သွားရန် အစဉ် တစိုက် တောင်းဆိုခဲ့သည်။

ဓာတ်ပုံ- ၂၀၁၆ ခုနှစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article