26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အပါအဝင် ဆက်စပ်နေရာ တော်တော်များများမှာ KIA PDF ပူပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်တပ်အကြား တိုက်ပွဲ‌တွေပြင်းထန်နေတယ်လို့ KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ က အတည်ပြုပြောထားပြီး ၊ ဗန်းမော်မြို့က တိုက်ပွဲမှာလည်း စစ်တပ်ခြေကုပ်စခန်းတွေကို KIA က သိမ်းပိုက်ရရှိထားတဲ့အပြင် သံချပ်ကာကား ၁ စီးကို ပစ်ခတ်ဖျက်ဆီးထားတယ်လို့ KIA သတင်းရင်းမြစ်ကလည်း ပြောထားပါတယ်။

-တရုတ်နိုင်ငံ ချုံကင်းမြို့ ပြည်သူ့တရားရုံးကနေ ဇန်နဝါရီလ ၃၀ ရက်နေ့ကပဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လက်နက်ကိုင်အကာအကွယ်ပေးပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဂိုဏ်းခေါင်းဆောင် ရွှီလောက်ဖား ကို သေဒဏ်ချမှတ်လိုက်ပါတယ်။

– မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဘိုတက်ကုန်းကျေးရွာအုပ်စုက ၄၄ လမ်းမကြီးတစ်လျှောက်မှာရှိတဲ့ နေအိမ်တွေကိုလည်း အကြမ်းဖက် စစ်တပ်က ကျူးကျော်လို့ပြောပြီး အတင်းအဓမ္မ ဖယ်ရှားခိုင်းနေပြန်တယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– အမေရိကန် အီရန် အရေး စစ်ရေးတင်းမာမှုတွေမြင့်တက်နေတဲ့အချိန်မှာပဲ အီရန်က အမေရိကန်စစ်သင်္ဘောအုပ်စုအနီးမှာ ကျည်အစစ်တွေနဲ့ ရေတပ် စစ်ရေးလေ့ကျင့်မှုလုပ်မယ်လို့ ကြေညာလိုက်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article