25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-မြန်မာနဲ့ ရုရှားအကြား ၂၀၃၀ အထိ ၅ နှစ်တာ စစ်ရေးမဟာမိတ်စာချုပ်သစ် လက်မှတ် ရေးထိုးလိုက် တယ်လို့ ရုရှားနိုင်ငံကလာတဲ့သတင်းတွေအရ သိရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကာ မြန်မာနိုင်ငံရောက်ရှိနေတဲ့ ရုရှားနိုင်ငံလုံခြုံရေးကောင်စီ အတွင်းရေးမှူး မြန်မာနိုင်ငံကို လာရောက်ပြီး နောက် နှစ်နိုင်ငံအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရန် သဘောတူညီချက်ကို အတည်ပြုခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်က စစ်တပ်စခန်း ၃ ခုကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန်ရေး စုပေါင်းတပ်တွေက ၀င်ရောက်တိုက်ခိုက်ရာ စစ်သားအယောက် ၃၀ သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ CNA ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

အီရန်သမ္မတက အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာမှုတွေလျော့လာတဲ့အချိန်မှာ အမေရိကန်နဲ့ ဆွေးနွေးပွဲအသစ်တွေစတင်ဖို့ သံတမန်အဖွဲ့ကို အမိန့်ပေးထားတယ်လို့ ကြေညာလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article