By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ လွတ်လပ် တရားမျှတမှု စံချိန်စံညွှန်းတွေနှင့် မကိုက်ညီတဲ့အပြင် အားလုံးပါဝင်ခွင့်၊ ပွင့်လင်းမြင်သာမှုနှင့် ယုံကြည်စိတ်ချရမှုမရှိဘူးလို့ ဥရောပသမဂ္ဂ EU က ကြေညာလိုက်ပါတယ်။
-အရပ်သားအစိုးရကို အဓမ္မဖြုတ်ချကာ စစ်တပ်က အကြမ်းဖက်အာဏာသိမ်းခဲ့တာဟာ ဒီနေ့ ဖော်ဖော်ဝါရီ ၁ ရက်နေ့မှာ ငါးနှစ်ပြည့်ခဲ့ပါပြီ။ အာဏာသိမ်း ၅ နှစ်တာကာလအတွင်း အကြမ်းဖက်စစ်တပ်က မြန်မာ ပြည်သူ တွေအပေါ် နည်းလမ်းပေါင်းစုံနှင့် အကြမ်းဖက်ဖိနှိပ်ခဲ့သလို၊ အတုအယောင်ရွေးကောက်ပွဲ ကနေ တဆင့်လည်း ဆက်လက်ဖိနှိပ်အုပ်ချုပ်ဖို့ ကြံစည်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် တိုက်ပွဲမှာ စစ်ကြောင်း တပ်ပျက်ပြီး ပြန်လည် ဆုတ်ခွာလာတဲ့ အကြမ်းဖက် စစ်တပ်ကို ထပ်မံ ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်သေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူကာကွယ်ရေးတပ်မတော်ပြည်ခရိုင် တပ်ရင်း-၂ ရဲ့ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အပစ်အခတ်ရပ်စဲထားပေမယ့် ဂါဇာတလွှား အစ္စရေးတပ်တွေ တိုက်ခိုက်လို့ ကလေးတွေအပါအဝင် ပါလက်စတိုင်း ၃၁ ဦး သေဆုံးသွားပါတယ်။ ရာဖာနယ်စပ်ဂိတ်ကို ပြန်ဖွင့်မယ်လို့ မျှော်လင့်ထားတဲ့နေ့ မတိုင်ခင်မှာတင် ပိတ်ဆို့ခံထားရတဲ့ ဂါဇာနယ်မြေထဲမှာ တိုက်ခိုက်မှုတွေ အများကြီး ဖြစ်ပွားခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




