26 C
Yangon

ကျွန်းလှမြို့နယ်နှင့် ဘုတလင်မြို့နယ်တို့တွင် ၅ နှစ်ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

စစ်ကိုင်းတိုင်း ၊ ကျွန်းလှမြို့နယ်အတွင်း ဗကသများအဖွဲ့ချုပ်ဗဟိုစည်းရုံးရေးကော်မတီ ရဲဘော်များမှဦးဆောင်၍ကျောင်းသားပြည်သူများနှင့် တော်လှန်ရေးအသိ၊သတိချပ်စေရန် စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့်အထိမ်းအမှတ်အောက်မေ့ဖွယ်အခမ်းအနားလူထုတွေ့ဆုံပွဲ တရပ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းသားရဲဘော်များက စစ် ၃ စစ် တိုက်ဖျက်ရေး တရားများ ဟောပြောခဲ့ကြပြီး ၅နှစ်တာကာလအတွင်း ကျောင်းသားထု၏ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများမျှဝေဆွေးနွေးခြင်းနှင့် ကဗျာရွတ်ပွဲကျင်းပခြင်းတို့ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ကျောင်းသားရဲဘော်များသည် ၅နှစ်တာကာလအတွင်းဖြတ်သန်းခဲ့ရသော တော်လှန်ရေးအခြေနေများကို ဝေဖန်သုံးသပ်ခဲ့ကြပြီး စစ် ၃ စစ်အမြစ်ဖြတ်ရေးအတွက်လည်း ဆွေးနွေးတိုင်ပင်ခဲ့ကြ‌ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article