24 C
Yangon

လောင်းလုံးနှင့် မြောင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲရွာကို စစ်ကြောင်းထိုးလာသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိကြောင်း လောင်းလုံးမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လောင်းလုံးမြို့မှ စစ်ပြဲရွာ ရေပုံးကျောင်းသို့ စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၅ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်ကြောင်း အထိနာကာ လောင်းလုံးမြို့ပေါ်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“ဒရုန်းနဲ့ တိုက်ခိုက်တာက စစ်ခွေးတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ ကျနော်တို့ ရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု လောင်းလုံးမြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးသံမဏိလိပ်ပြာ(LLSBF)၊ လောင်းလုံး မြို့ နယ်ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ၊ နွေဦးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားတော်လှန် ရေးတပ်(S.R.F)၊ Guerrilla Dawei(ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်တပ် ရိက္ခာပို့စစ်ကြောင်းကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Myaung Drone Force MDF မှ တာဝန်ခံ ကျားခင်စိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေး အင်အားက ၂၀၀ ပတ်ချာလည်လောက်ရှိပါတယ်။ ဒရုန်းကတော့ စုစုပေါင်း ၃စီးပါ။ မြေပြင်ချေမှုနေးရေး ရဲဘော်တွေလည်းပါတယ်။ စစ်ခွေး သေစာရင်းကတော့ မသိရသေးဘူး။ ထိခိုက်တာမျိုးကတော့ ၄ ယောက် ၅ ယောက်လောက်ရှိပါတယ်။ စစ်ခွေးဘက်ကတော့ ထိခိုက်သေဆုံးနိုင်တယ်” ဟု Myaung Drone Force MDF မှ တာဝန်ခံ ကျားခင်စိန်က ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Myaung Drone Force MDF နှင့် မြောင်မြို့​နယ် မဟာမိတ်ပူးပေါင်း အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article