26 C
Yangon

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာ စစ်တပ်စခန်းကို KIA/KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဟဲပါးကျေးရွာ စစ်တပ်စခန်းကို KIA/KPDF ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခင်လပိုင်းမှစတင်ပြီး အင်းတော်ကြီးဒေသတွင် စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ အထူးသဖြင့် ရှမ်းနီ SNA တပ်များနှင့်စစ်တပ်က စစ်အင်အားများစွာဖြင့် စစ်ကြောင်းထိုးလာချိန် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် KIA/KPDF တပ်များက ထိုးစစ်ဆင်ရာမှ ဟဲပါးကျေးရွာစစ်စခန်းကို သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဟိုရက်က ကာကင်းစခန်းတွေ သိမ်းတယ်။ အခုတော့ဟဲပါးကျေးရွာစစ်တပ်စခန်းကို ရပြီ။ အဲဒီမှာ ရှမ်းနီSNA နဲ့ စစ်တပ်က စခန်းချထားတာ။ စစ်သုံ့ပန်းနဲ့ လက်နက်တွေလည်းရတယ်။ တချို့တွေတော့ အကုန်ထွက်ပြေးကုန်ကြတယ်” ဟု KIA ရှေကတနးသတငးရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်၏ လုံးတုံးနှင့်နမ့်မွန်းတောင်ပေါ် စခန်းများကိုလည်း တော်လှန်ရေးတပ်များက ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်ကမူ အင်းတော်ကြီးဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ် လုပ်ဆောင်လျက်ရှိပြီး တော်လှန်ရေးတပ်များက ခုခံကာကွယ်စစ်မှတစ်ဆင့် စစ်တပ်စခန်းများကို တန်ပြန်ထိုးစစ်များ ဆင်နွှဲနေကြောင်း သိရှိရသည်။

လတ်တလောကချင်ပြည်နယ်အတွင်းရှိ ၀ိုင်းမော်၊ ဗန်းမော်၊ ဖားကန့်နှင့် မိုးညှင်းမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်တပ်စခန်းများကိုလည်း KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တောက်လျှောက် သိမ်းပိုက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article