26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စု အတိုင်ပင်ခံကောင်စီဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အဲ့ဒီအတိုင်ပင်ခံကောင်စီမှာ သမ္မတရဲ့ အထက်မှာနေပြီး နိုင်ငံတော်အာဏာကို ထိန်းချုပ်ထားမယ့် အဖွဲ့အစည်းအဖြစ် ဥပဒေပညာရှင်တချို့က သုံးသပ်ပြောကြပါတယ်။

နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေး ရေးဥပဒေ ပါ စာသားတချို့ကို ပြင်ဆင်တဲ့ ဥပဒေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။

-မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက် စစ်တပ် စစ်ကြောင်း၊ ရဲစခန်းနှင့် ထွေ/အုပ်ရုံး တို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က အရာရှိ ၁ ဦး အပါအဝင် ၁၀ ယောက် သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ပြည်တော်ဝင်ပျောက်ကြားတပ်ဖွဲ့ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ရဲဘော် နာဂ က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။

အမေရိကန်အစိုးရရဲ့ အသုံးစရိတ်ခွဲဝေမှုနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီနဲ့ သဘောထားကွဲလွဲရာကနေ ၄ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ အစိုးရယန္တရား အစိတ်အပိုင်းအချို့ ရပ်ဆိုင်းမှုကို အဆုံးသတ်စေမယ့် အသုံးစရိတ် ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရန့်က အင်္ဂါနေ့မှာပဲ လက်မှတ်ရေးထိုးလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article