26 C
Yangon

မြိုင်မြို့နယ် လင်းကတော ရဲစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ဖေဖော်ဝါရီ ၇

မကွေးတိုင်း၊ မြိုင်မြို့နယ် လင်းကတော ရဲစခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသော အသက် ၁၈ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် မောင်မျိုးမင်းသန့်သည် သေနတ် ၁ လက်ယူဆောင်လာပြီး ရေစကြိုမြို့နယ် ပကဖ သို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထို အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ် မောင်မျိုးမင်းသန့်သည် ၎င်းကိုင်ဆောင်သော MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု နှင့် ၅.၅၆ကျည် ၁၀၀ တောင့် တို့ ယူဆောင်လာသောကြောင့် ဂုဏ်ပြုငွေ ၂၅ သိန်းကျပ် ချီးမြှင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူက သူကင်းကျနေတာကို ကျွန်တော်တို့ဆီကို ဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ဘက်ပြောင်း ခိုလှုံလာတာပါ။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း ပေါ်တာဆွဲခံရတဲ့သူပါ။ စစ်မှုထမ်း အပတ်စဉ်ကတော့ ၅ ကပါ။ သူက ငပုတောမြို့နယ် ချောင်းသာရွာကလို့ သိရတယ်။ အသက် ၁၇ နှစ်နဲ့ ပေါ်တာဆွဲခံရတာပါ။ ရပ်ကွက် အုပ်ချုပ်ရေးမှူးက လိမ်ခေါ်ပြီးတော့ ရဲတစ်ယောက်နဲ့ စစ်သား ၂ ယောက် လက်ထဲကို ထည့်ပေးလိုက်တာလို့ သိရတယ်။ ကျွန်တော်တို့ဘက်ကို ဘက်ပြောင်းခိုလှုံလာတဲ့အတွက် ဂုဏ်ပြုဆုငွေ ၂၅ သိန်း ချီးမြှင့်ထားတာတော့ရှိတယ်” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article