38 C
Yangon

မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု ICJ တရားရုံးက စီရင်ချက် ချမှတ်ပါ ကျူး လွန်သူ မြန်မာစစ်ခေါင်းဆောင်များကို ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေးယူရန် လမ်းပွင့်လာမည်ဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာတရားရုံး-ICJ တရားရုံးက စီရင်ချက်ချမှတ်ပါ ကျူး လွန်သူ မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံ တကာရာဇဝတ်တရားရုံး-ICC အပါအဝင် နိုင်ငံတကာတရားရုံးများတွင် ဆက်လက်အရေး ယူရန် လမ်းပွင့်လာမည်ဖြစ်ကြောင်း OWP (The Organization for World Peace)က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သုံးသပ်ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အမြင့်ဆုံးတရားရုံးဖြစ်သော နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံက ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ် ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်း ရှိ၊ မရှိ ဆိုင်ရာ သမိုင်းဝင်အမှုကို ဇန်နဝါရီလအတွင်းအပြီး သတ်ကြားနာစစ်ဆေးခဲ့ပြီဖြစ်ကြောင်း၊ ICJ တရားရုံးက မြန်မာနိုင်ငံအနေဖြင့် အပြစ်ရှိသည်ဆိုသော စီရင်ချက်ချမှတ်ပါက ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်သူတစ်ဦးချင်းစီကို အရေးယူရန် ကြိုးပမ်းနေသည့် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အတွက်သာမက ကမ္ဘာတစ်ဝန်း တရားရုံးများအတွက်ပါ ခိုင်မာသော ဥပဒေကြောင်းအရ အခြေခံ (Legal Basis) တစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြထားသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး၊ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ အနည်းဆုံး ၇၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည့် အခြေအနေများကို အခြေခံ၍ တရားစွဲဆိုမှု စတင်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇား (Cox’s Bazar) စခန်း၌ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်း (၁,၂၀၀,၀၀၀) နီးပါး ခိုလှုံနေရပြီး ၎င်းတို့အနက် ၅၀ ရာခိုင်နှုန်း(၆၀၀,၀၀၀ ခန့်) မှာ ကလေးသူငယ်များ ဖြစ်ကြသည်။

ICJ တရားရုံးက တွင် အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခြင်းသည် မြန်မာစစ်ဘက်အရာရှိများကို တိုက်ရိုက်ဖမ်းဆီးနိုင်သည့် အာဏာစက်မရှိသော်လည်း၊ ကျူးလွန်သော တစ်ဦးချင်းစီ ၏ တာဝန်ခံမှု (Individual Accountability)ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ “အပြစ်ရှိကြောင်း စီရင်ချက်ထွက်ပေါ်လာခြင်းသည် ICC (နိုင်ငံတကာ ရာဇဝတ်တရားရုံး) ရှေ့နေများ သို့မဟုတ် ကျူးလွန်သူများကို တရားစီရင်ရန် ကြိုးပမ်းနေသည့် အခြားနိုင်ငံတကာတရားရုံးများအတွက် ခိုင်မာသော ဥပဒေကြောင်းအရ အခြေခံတစ်ခု ဖြစ်လာစေမည်ဖြစ်ကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း သံတမန်ရေးနှင့် စီးပွားရေး ဖိအားအနေဖြင့် မြန်မာနိုင်ငံအား “လူမျိုးတုံးသတ်ဖြတ်သည့်နိုင်ငံ” (Genocidal State) အဖြစ် တရားဝင်တံဆိပ်ကပ်လိုက်ခြင်းဖြင့် နိုင်ငံတကာအစိုးရများအနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ တိုးမြှင့်ရန်၊ ရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းရန်နှင့် သံတမန်ရေးအရ အထီးကျန်အောင်လုပ်ဆောင်ရန် ဥပဒေကြောင်းအရ ခိုင်လုံသော အကြောင်းပြချက်များ ရရှိသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံ၏ ဖြစ်စဉ်သည် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုနှင့် စံနမူနာဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအမှုက အခြားသော ကမ္ဘာ့ပဋိပက္ခများ၊ အထူးသဖြင့် ဂါဇာစစ်ပွဲ (Gaza conflict) အပေါ်တွင်လည်း ကြီးမားသော သက်ရောက်မှုရှိနေကြောင်း၊ ၂၀၂၃ ခုနှစ်တွင် တောင်အာဖရိကက အစ္စရေးကို ICJ တွင် တရားစွဲဆိုခဲ့သည့် ဖြစ်စဉ်သည် ဂမ်ဘီယာ၏ စံနမူနာကို ယူထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအမှုအပေါ် ချမှတ်မည့် ဆုံးဖြတ်ချက်သည် ကမ္ဘာတစ်ဝှမ်းရှိ အာဏာအလွဲသုံးစားလုပ်နေသော နိုင်ငံများအတွက် ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်ဟု သုံးသပ်ထားသည်။

ICJ ၏ စီရင်ဆုံးဖြတ်ချက်သည် ရိုဟင်ဂျာများ၏ အခြေအနေကို ချက်ချင်းတိုးတက်စေမည်မဟုတ်သော်လည်း တရားမျှတမှုအတွက် မရှိမဖြစ်လိုအပ်သော ခြေလှမ်းတစ်ခုဖြစ​ြကြောင်း၊ စီရင်ချက်ကြောင့် ရရှိလာမည့် ဥပဒေကြောင်းအရ ခိုင်မာမှုများသည် ကျူးလွန်သူများအား အမှန်တကယ် အရေးယူနိုင်မည့်လမ်းကို ဖွင့်လှစ်ပေးမည်ဖြစ်ပြီး၊ ရိုဟင်ဂျာများ ၎င်းတို့၏ အမိမြေသို့ ငြိမ်းချမ်းစွာ ပြန်နိုင်မည့်နေ့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာမည်ဟု သုံးသပ်ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article