29 C
Yangon

ဝိုင်းမော်နှင့် ဖားကန့်မြို့နယ်တွင် စစ်တပ်က ပစ်ခတ် တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးနှင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တဖက်ကမ်း၊ ဝိုင်းမော်မြို့နယ်၊ တာလောကြီးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သား ပြည်သူ ၁ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုသည် ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြစ်ကြီးနားလေဆိပ်အတွင်းသို့ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကို လက်စားချေတိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု KIA စစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

“ဒီနေ့ ပမခ တစ်ဖက်ကမ်းမှာရှိတဲ့ တာလောကြီးရွာလယ်ကို စစ်ကော်မရှင်တပ်က လေကြောင်း က နေ တိုက်ခိုက်သွားပါတယ်။ အရပ်သားတစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရတယ်။ မနေ့က မြစ် ကြီးနား လေဆိပ်အနီး အသေခံဒရုန်း ကျရောက်ပေါက်ကွဲတာကို လက်စားချေ တုန့်ပြန်တိုက်ခိုက် တာ ဖြစ်နိုင်ပါတယ်။ လေဆိပ်အတွင်း ဒရုန်းကျရောက်ပေါက်ကွဲပြီးတဲ့နောက်မှာ မြစ်ကြီးနားမှာနေ တဲ့ ပြည်သူတွေ စစ်ဘေးရှောင်ရမလား၊ ဘယ်လိုလုပ်ရမလဲ ပူပန်သောကရောက်နေကြတယ်လို့ သိရပါတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တညလုံး ဖားကန့်မြို့တွင် KIA တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်တပ်တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ဖားကန့်တပ်မကုန်း မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တောင်ပြိုမှော်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ ကလေး ငယ် ၁ ဦး သေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၉ နာရီခန့်ကလည်း ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက် နှစ်ခြင်း အသင်း တော် မှ သင်းထောက်ဆရာ ဦးလပျော်ဇေခေါင်သည် မှော်ဝမ်း‌ ရေအေးချောင်ဘက် လမ်း လျှောက် စဉ် စစ်တပ်ထောင်ထားသော နင်းမိုင်းထိပြီး ဖားကန့်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရ ကြောင်း သိရသည်။

အလားတူပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် စစ်တပ် ထောင်ထားသော နင်းမိုင်းမိသူ အမျိုးသား၏ ခြေထောက်နှစ်ဖက်လုံး ဒဏ်ရာ အခြေအနေ ဆိုးရွားနေကာ မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်နိုင်ခြင်းမရှိပါက ခြေထောက် ဖြတ်တောက်ရမည့်အခြေအနေကြုံတွေ့နေရ ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်နေ့ ၀ိုင်းမော်မြို့နယ်သို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့စဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article