26 C
Yangon

ဟားခါးမြို့မှ ရဲများကို CDF ဟားခါး တပ်ဖွဲ့က တိုက်ခိုက်မှု ရဲအရာရှိအပါအဝင် ၃ ဦး သေဆုံးပြီး မြို့ပေါ် လုံခြုံရေးတင်းကျပ်ထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ရဲများကို CDF ဟားခါးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲအရာရှိအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီးနောက် မြို့ပေါ် လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း ချင်းတော် လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) ညနေပိုင်း ဟားခါးမြို့ပေါ်တွင် ပြည်သူလူထု ထံမှ မတရားလုယက်ခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့လုပ်ဆောင်ပြီး စစ်တပ်ဗျူဟာမှူးထံသို့ ဆက် ကြေးပေးနေသည့် ရဲများကို CDF – Hakha တပ်ဖွဲ့က စစ်ဆင်ရေးဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲအရာရှိအပါအဝင် ရဲ ၃ ဦး သေဆုံးပြီး ၅ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဝင်တိုက်တာတော့ မှန်တယ်။ အခုသူတို့ တိုက်တာက ရုတ်တရက် ဝင်စီးတာလို့ ပြောတယ်။ အခုတော့ လုံခြုံရေးတွေ တအားတင်းကျပ်နေတယ်။ တိုက်ခိုက်မှု ဖြစ်စဉ်ကတော့ မှန်တယ်။ “ဟု ချင်းတော် လှန်ရေး သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

အဆိုပါ ဟားခါးမြို့ပေါ်တွင် တာဝန်ကျနေသော ရဲမင်းကြီးသည် လူမဆန်စွာ ရက်စက်ကြမ်းကြုတ် သူတစ်ဦးဖြစ်ပြီး ၎င်း၏ လက်အောက်ငယ်သားများကိုလည်း နေ့စဉ် ကျပ်သိန်း ၃၀ ထက်မနည်း ပြည် သူလူထုထံမှ မတရား လုယူခိုင်းကာ စစ်တပ်ဗျူဟာမှူးကို ဆက်ကြေးနေသူဖြစ်ကြောင်း အသိပေး ထားသည်။

ထို့ကြောင့် CDF Hakha မှ စစ်ဆင်ရေး (operation) ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဟားခါးမြို့တွင် အေးချမ်း စွာ နေထိုင်ကြသော ပြည်သူများထံမှ မတရား ပိုက်ဆံ ထပ်မံ ကောက်ခံနေပါက ယခုထက်ပို၍ ပြင်း ထန် သော ပစ်ခတ်မှုများ ၊ဖောက်ခွဲမှုများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ဟားခါးမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ရုံး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article