33 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် မင်းအောင်လှိုင်၊ စိုးဝင်းအပါအဝင် စစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ၊ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို သိမ်းဆည်းပြီး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုက အသက်ရှင်ကျန်ရစ်သူ တွေအတွက် နစ်နာကြေးပေးဖို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာ BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးမှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။

– မြန်မာစစ်တပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံ လွှတ်ပေးဖို့ ဖိလစ်ပိုင်အပါအဝင် နိုင်ငံ တကာ က မျှော်လင့်နေတယ်လို့ ဖိလစ်ပိုင်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ ဒါကိုတော့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

– အကြမ်းဖက် စစ်တပ်ထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ စစ်တပ်က မင်္ဂလာဆောင်၊ နာရေးနဲ့ အလှူအိမ်တွေအထိပါ ဝင်ရောက်ပြီး လူငယ်တွေ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ လုပ်နေသလို ၊ တစ်ဖက်က မိုးကုတ်မြို့နယ်မှာတော့ စစ်မှုထမ်း တပ်သားသစ်တွေ အစုလိုက်အပြုံလိုက်ထွက်ပြေးနေ တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးတစ်ခု စတင်ဖို့အတွက် အမေရိကန်စစ်တပ်ဘက်က ပြင်ဆင်နေတယ်လို့ အမေရိကန်အရာရှိကြီး နှစ်ဦးက Reuters သတင်းဌာနကို ပြောလိုက်ပါတယ်။ လက်ရှိ သမ္မတ Donald Trump က အီရန်ကို တိုက်ခိုက်ဖို့ အမိန့်ပေးလာတာနဲ့ ဒီစစ်ဆင်ရေးဟာ သီတင်းပတ်များစွာကြာနိုင်ပြီး ရက်ရှည် ဖြစ်နိုင်တယ်လို့ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article