24 C
Yangon

စစ်ကိုင်းတိုင်းအတွင်း ဆူပူသောင်းကျန်းမှုများ ပေါများခြင်းမှာ အသိပညာနှင့် အတတ်ပညာအားနည်းမှုများကြောင့် အကြမ်းဖက် မင်းအောင်လှိုင် အပြစ်တင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းအတွင်း အချို့ရောများတွင် ဆူပူသောင်းကျန်းမှုများ ပေါများခြင်းမှာ အသိပညာနှင့် အတတ်ပညာအားနည်းမှုများကြောင့်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုသည်။

ယမန်နေ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့သို့ ရောက်ရှိလာသော မင်းအောင်လှိုင်က ဌာနဆိုင်ရာများ၊ တပ်နယ် အရာရှိများနှင့်တွေ့ဆုံစဉ် ထိုကဲ့သို့ အပြစ်တင်ပြောဆိုမှုများကို လုပ်ဆောင်လာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်း အချို့နေရာများတွင် ဆူပူသောင်းကျန်းမှုများ ပေါများခြင်းသည် အသိပညာအားနည်းမှု၊ အတတ်ပညာအားနည်းမှုများနှင့် ဆက်စပ်နေသည်ကို အခြေခံအားဖြင့် တွေ့ရှိနိုင်ကြောင်း၊ နိုင်ငံရေး အရ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်သော်လည်း အကြမ်းဖက်လုပ်ရပ်များကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း မင်းအောင်လှိုင်က အပြစ်ဖို့ ပြောဆိုသည်။

ယင်းအပြင် နိုင်ငံရေးကို အကြောင်းပြပြီး မိမိတို့၏ ကိုယ်ကျိုးအတွက် နိုင်ငံတော်သယံဇာတများ တရားမဝင်ထုတ်ယူခြင်းများကို အမြောက်အမြား ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ လက်နက် အားကိုးဖြင့် ဒေသခံ ပြည်သူများထံမှ ငွေကြေးများ အတင်းအဓမ္မကောက်ခံပြီး ၎င်းတို့၏ ကိုယ်ကျိုး အတွက် အသုံးပြုနေကြောင်း၊ ထိုသို့ လုပ်ဆောင်နေမှုများကြောင့် ဒေသခံပြည်သူများ ဝန်ထုပ်ဝန်ပိုး များဖြစ်နေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသည့်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ၀ိုင်းဝန်းတိုက်ဖျက်သွားကြရန် မင်းအောင်လှိုင်က တိုက်တွန်းသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်စီးအောင် လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့များ မရှိစေရေး အားလုံးက ၀ိုင်းဝန်း ဆန့်ကျင်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article