By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်တပ်တို့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူနိုင်ဖို့ တီမောနိုင်ငံက ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးဖို့ကို အမှုလက်ခံလိုက်ပြီးတဲ့နောက် ရန်ကုန်မှာရှိတဲ့ တီမောသံရုံးကို မြန်မာစစ်တပ်က ၇ ရက်အတွင်း ထွက်ခွာဖို့ နှင်ထုတ်လိုက်တယ်လို့ မနေ့က ညပိုင်း ကြေညာလိုက်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီး အပြိုင်အဆိုင်တိုးတက်နေချိန် အကြမ်းဖက်စစ်အုပ်စုရဲ့ ငါးနှစ်ကျော်ကြာ စီမံအုပ်ချုပ်ခံထားရတဲ့ မြန်မာနိုင်ငံမှာတော့ လမ်းပန်းဆ က်သွယ်ရေး ခက်ခဲတဲ့ နယ်မြို့တွေမှာသာမက စီးပွားရေးမြို့တော် ရန်ကုန်မှာပင် သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ နဲ့ ကိုယ်လက်သန့်စင်သုံး တကိုယ်ရေပစ္စည်းများ အပါအဝင် အခြေခံလူသုံး ကုန်ပစ္စည်းတွေ ဝယ်ယူရခက်ခဲလာတယ်လို့ သိရပါတယ်။
ဂျာမနီနိုင်ငံ ၊ မြူးနစ်မြို့မှာ ပြုလုပ်နေတဲ့ Munich Security Conference ရဲ့ ၆၂ ကြိမ်မြောက် ညီလာခံ ကို အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့ အီရန်တို့ အကြား နူကလီးယားဆိုင်ရာ သဘောတူညီချက် မရခဲ့ဘူးဆိုရင် အစ္စရေးက အီရန်ကို တိုက်ခိုက်တာကို အမေရိကန်က ထောက်ခံ မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




