26 C
Yangon

ရွေးကောက်ပွဲအလွန် မြန်မာစစ်တပ်နှင့် အာဆီယံအကြား ထိုင်းနိုင်ငံက ‘ပေါင်းကူးတံတား’ အဖြစ် ဆောင်ရွက်ပေးမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

မြန်မာ အကြမ်းဖက်စစ်တပ်က ကျင်းပခဲ့သော ရွေးကောက်ပွဲအလွန် မြန်မာ့အရေး ပြဿနာ အဖြေရှာနိုင်ရန်အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow နှင့် မြန်မာစစ်တပ်နိုင်ငံခြားရေးဝန်ကြီး သန်းဆွေတို့ ယနေ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်။

အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများ၏ အကူအညီဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကို အဆုံးသတ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် ရည်ရွယ်သည့် ယင်းတွေ့ဆုံမှုသည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံ၌ ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် နိုင်ငံရေးအခင်းအကျင်းသစ်တွင် အရေးပါသည့် အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က သတင်းထောက်များအား ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ကျင်းပမည့် နှစ်နိုင်ငံတွေ့ဆုံမှုတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအပြင် မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ကြီးအကြား ဆက်ဆံရေး ရှေ့ဆက်နိုင်မည့် အခြေအနေများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်ဟု သိရှိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ကျွန်တော်တို့အနေနဲ့ မြန်မာရွေးကောက်ပွဲကို လက်ခံအတည်ပြုတယ်လို့ မပြောပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲက တကယ်ဖြစ်ပွားခဲ့ပြီဆိုတာက လက်တွေ့ကျတဲ့ အရှိတရားတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနဲ့ အာဆီယံကြားမှာ ကျွန်တော်တို့က ပေါင်းကူးတံတား (Bridge) အဖြစ် ကူညီဆောင်ရွက်ပေးသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ကူညီနိုင်ဖို့ဆိုရင် သူတို့ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ဆိုသည်။

ထို့ပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးကာလတွင် အပြု သဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာစေရန်၊ အာဆီယံ၏ စေတနာကို မြန်မာဘက်က နားလည်လာစေရန် ယခုအချိန်သည် ဆွေးနွေးမှုများ အားကောင်းမောင်းသန် လုပ်ဆောင်ရမည့်အချိန် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၂,၄၀၀ (မိုင် ၁,၅၀၀) ကျော် ရှည်လျ ားသည့် နယ်စပ်ချင်း ထိစပ်နေသည့်အတွက် မြန်မာ့ရေးရာကိစ္စရပ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲ၌ အကျိုးသက်ရောက်မှု အရှိဆုံးနိုင်ငံတစ်ခု ဖြစ်သည်။

ယနေ့တွေ့ဆုံမည့် မြန်မာစစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီး သန်းဆွေမှာ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာ သံတမန်ဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် ဒုတိယဝန် ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်နေသူဖြစ် ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article