28 C
Yangon

ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် အကြိမ် ၃၀ နီးပါး ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များမီးလောင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12၊ Gyrocopter တို့ဖြင့် ၂ ရက်ဆက် အကြိမ် ၃၀ နီးပါး ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိပြီး နေအိမ်များမီးလောင်ပျက်စီးခဲ့ကြောင်း မော်လိုက်ခရိုင် အမှတ်- ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ပြီး ညနေပိုင်းထိ အကြမ်းဖက် စစ်တပ်က ဟော်ဇောင်းရွာနှင့် ဈေးတန်းကို ဂျက်ဖိုက်တာဖြင့် ၁၈ ကြိမ်၊ Gyrocopter ဖြင့် ၃ ကြိမ်၊ Y-12 ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိသော်လည်း သေဆုံးသူမရှိကြောင်း၊ စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များလည်း မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

“ဟော်ဇောင်းရွာ ဈေးတန်းကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ၁၈ ကြိမ်၊ Gyrocopter နဲ့ ၃ ကြိမ်၊ Y-12 နဲ့ ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်သွားတယ်။ ပြည်သူတွေ ထိခိုက်တာ အနည်းငယ်ပဲ ရှိပါတယ်” ဟု မော်လိုက်ခရိုင် အမှတ်- ၁ တပ်ရင်းမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီ ၅၈ မိနစ်နှင့် ၄ နာရီကျော်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ အပြင်းအထန် လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် လေကြောင်း အန္တရာယ် အသိပေးချက်များကို အထူးသတိပြု နေထိုင်ကြရန် မော်လိုက်ခရိုင် အမှတ်- ၁ တပ်ရင်းက အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article