28 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-အကြမ်းဖက် စစ်တပ်က သူ့ကိုထောက်ခံတဲ့ စက်သုံးဆီအသင်းဥက္ကဋ္ဌဟောင်း ခင်စိုး၊ အတွင်းရေးမှူး ဝင်းမြင့်၊ ရွှေအသင်းဥက္ကဋ္ဌ မျိုးမြင့်နဲ့ ရွှေကုန် သည် ၂ ဦး အပါအဝင် စီးပွားရေးသမား ၅ ဦးကို စျေးကွက် မတည်မငြိမ်ဖြစ်အောင်လုပ်မှု၊ စီးပွားရေးကဏ္ဏပျက်ပြားအောင် လုပ်မှုတွေနဲ့ အမှုဖွင့်လိုက်ပြီး ၊ စံပြအဖြစ် အရေးယူမှုတွေလုပ်ဖို့ကိုပါ မင်းအောင်လှိုင် က ညွန်ကြားထားတယ်လို့ သိရပါတယ်။

-မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ EU ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို သက်တမ်းတိုးဖို့ အပြင် ၊ ရုရှားနဲ့ အီရန်ဆီက မြန်မာနိုင်ငံဆီ လောင်စာဆီတင်သွင်းမှု ရပ်တန့်ရေးကိုပါ တိုးမြှင့်အရေးယူပေးဖို့ITALIA-BIRMANIA.INSIEME အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကံစုတာဆုံဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး ၊ စစ်တပ်ဘက်က ၈ ဦးကတော့ အသီးသီး သေကုန်ကြပြီး ၊ စစ်တပ်က PDF ရဲဘော် ကြယ်လေးကို အရှင်ဖမ်းမိတာတောင် သုံ့ပန်း ဥပဒေဆိုတာ မရှိပဲ ပစ်သတ်ခဲ့တယ်လို့ ၃၈၀၁ PDF တပ်ရင်း တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

တရုတ်အစိုးရက စစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်ကြီး ၅ ဦးကို ထုတ်ပယ်လိုက်ပြီး ၊ တရုတ်နိုင်ငံရဲ့ စစ်ဘက်အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ ပိုမိုပြင်းထန်လာနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်း သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article