31 C
Yangon

အီရန်က ယူအေအီး၊ ကာတာ၊ ဆော်ဒီ၊ ဘာရိန်းနှင့် ကူဝိတ်မြို့တို့ရှိ အမေရိကန်အခြေစိုက် စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်၊ အမေရိကန်နှင့် အစ္စရေးတို့၏ အကျိုးစီးပွားအားလုံးကို တရားဝင်ပစ်မှတ်ဟု အီရန်က ကြေညာ

Must read

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်

အီရန်နိုင်ငံက ယူအေအီး၊ ကာတာ၊ ဆော်ဒီ၊ ဘာရိန်းနှင့် ကူဝိတ်မြို့တို့ရှိ အမေရိကန်အခြေစိုက် စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းဖြင့် အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုများကို တန်ပြန်လိုက်သည်။

ယင်းအပြင် အစ္စရေးနိုင်ငံသို့လည်း အီရန်က ဒုံးကျည်များဖြင့် ဆက်တိုက် တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

အရှေ့အလယ်ပိုင်းဒေသ၏ တင်းမာမှုများအရှိန်မြင့်တက်လာပြီးနောက် ယနေ့နံနက်ပိုင်းတွင် အီရန်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အာရပ်ပင်လယ်ကွေ့အတွင်းရှိ အဓိကမြို့ကြီးများဖြစ်သော အာရပ်စော်ဘွားများပြည်ထောင်စု၏ မြို့တော် အဘူဒါဘီ (Abu Dhabi)၊ ဘာရိန်းနိုင်ငံ၏ မြို့တော် မနားမား (Manama)၊ ကာတာနိုင်ငံ နှင့် ကူဝိတ် (Kuwait) နိုင်ငံတို့တွင် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ အဆိုပါနေရာများတွင် အမေရိကန်၏ စစ်အခြေစိုက်စခန်းများ စွာရှိနေခြင်းဖြစ်သည်။

လတ်တလော ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်၏ စစ်ရေယာဉ်စုဌာနချုပ် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရပြီးနောက် မြို့တော်အတွင်း၌ ပေါက်ကွဲမှုများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

အီရန်အဆင့်မြင့်အရာရှိတစ်ဦးက “အရှေ့အလယ်ပိုင်းရှိ အမေရိကန်နှင့် အစ္စရေးတို့၏ အကျိုးစီးပွားအားလုံးသည် တရားဝင်ပစ်မှတ်များဖြစ်သည်” ဟု ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်းမှာပင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အစ္စရေးနှင့် အမေရိကန်တို့က အီရန်မြို့တော် တီဟီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်အပေါ် အီရန်ဘက်က ဒေသတွင်းရှိ အမေရိကန်မဟာမိတ်နိုင်ငံများကို ပစ်မှတ်ထား၍ ကျယ်ပြန့်စွာ လက်တုံ့ပြန်လာခြင်းဖြစ်သည်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့များက “ကျူးကျော်သူများ ၎င်းတို့၏လုပ်ရပ်အတွက် နောင်တရသွားစေရန်” အပြည့်အဝအသင့်ပြင်ဆင်ထားကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်။

ယနေ့နံနက်ပိုင်းတွင် အစ္စရေး၏ တိုက်ခိုက်မှုများသည် အီရန်နိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် နိုင်ငံတော်အချုပ်အခြာအာဏာကို တိုက်ရိုက်ပစ်မှတ်ထားခဲ့ကြောင်း အီရန်ဘက်က ဆိုသည်။ အဆိုပါတိုက်ခိုက်မှုများတွင် နိုင်ငံတစ်ဝန်းရှိ ကာကွယ်ရေးအခြေခံအဆောက်အအုံများသာမက စစ်ဘက်နှင့်မသက်ဆိုင်သော အရပ်ဘက်နေရာများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့များက ပင်လယ်ကွေ့ဒေသအတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒုံးကျည်များဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အတည် ပြုလိုက်သည်။

အီရန်တိုက်ခိုက်မှုတွင် ကာတာနိုင်ငံရှိ အမေရိကန် အယ်လ်အူဒိတ် (Al-Udeid) လေတပ်စခန်း၊ ကူဝိတ်နိုင်ငံရှိ အမေရိကန်အယ်လ်ဆာလမ် (Al-Salem) လေ တပ်စခန်း၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE)ရှိ အမေရိကန် အယ်လ်ဒါဖရာ (Al-Dhafra) လေတပ်စခန်း၊ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်စစ်စခန်းဌာနချုပ် (5th US Base)၊ ဆော်ဒီနိုင်ငံရှိ အမေရိကန်စစ်စခန်းများကို စတင်တိုက် ခိုက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဘာရိန်းနိုင်ငံရှိ အမေရိကန်ရေတပ်စခန်းတွင် အီရန်၏ ဒုံးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မီးခိုးလုံးများ တက်လာစဉ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article