By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၂ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်ရဲ့ ဒီကနေ့ လွတ်ငြိမ်းသက်သာခွင့်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်မှာရှိတဲ့ True Green City စက်ရုံမှာ တရုတ်နိုင်ငံသား နည်းပညာကျွမ်းကျင်ဝန်ထမ်းက မြန်မာအလုပ်သမားကို ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်အတွင်းမှာရှိတဲ့ လိပ်ပုတ်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ ၉ ဦး သေဆုံးထားတယ်လို့ ကနဦး သိထားရပါတယ်။
အီရန်ခေါင်းဆောင် ခါမေနီ သေဆုံးမှုကြောင့် ပါကစ္စတန်နိုင်ငံမှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ ဖြစ်ပွားလာရာမှာ အကြမ်းဖက်မှုအသွင်ပြောင်းလဲပြီး လူအယောက် ၂၀ သေဆုံးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




