27 C
Yangon

ပြည်သူကို ရန်သူသတ်မှတ်ပြီး အနိုင်ကျင့် ဗိုလ်ကျနေသော စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ လူထုနွေဦး တော်လှန်ရေးတွင် ဆက်လက် ပူးပေါင်း ဆင်နွှဲသွားမည်ဟု PNFC နှင့် PNLO/PNLA တို့ ပူးတွဲကြေညာ

Must read

ရန်ကုန်၊ မတ် ၂

ပြည်သူကို ရန်သူသတ်မှတ်ပြီး အနိုင်ကျင့် ဗိုလ်ကျနေသော အကြမ်းဖက် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ လူထုနွေဦးတော်လှန်ရေးတွင် ဆက်လက် ပူးပေါင်း ဆင်နွှဲသွားမည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO/PNLA တို့က ကြေညာချက်တစ်စောင် ပူးတွဲ ထုတ်ပြန်လိုက်သည်။

ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော ၇၇ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့၌ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO/PNLA တို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံသစ်ပေါ်ထွန်းရေး ရည်မှန်းချက်ကို မြဲမြံစွာဆုပ်ကိုင်ပြီး ပအိုဝ်းအပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထုကို ရန်သူသတ်မှတ် အနိုင်ကျင့် ဗိုလ်ကျဖိနှိပ်နေ သော စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ စနစ်ပြောင်း ခေတ်ပြောင်း လူထုနွေဦးတော်လှန်ရေးတွင် ဆက်လက်ပူးပေါင်း ဆင်နွှဲသွားမည်” ဟု ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးတစ်ရပ်လုံးကို ကိုယ်စားပြုနိုင်သော ခိုင်မာကျယ်ပြန့်အားကောင်းသည့် ဦးဆောင်မှု တစ်ရပ် ပေါ်ပေါက်ရေးတွင် ပွင့်လင်း တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမည်၊ စစ်အုပ်စုမှ ဖွဲ့စည်းလာမည့် အတုအယောင် အစိုးရ၊ အတုအယောင် လွှတ်တော် အပါအဝင် စစ် အုပ်စုကို တရားဝင်မှု ဖြစ်စေမည့် လုပ်ရပ်များအား ကမ္ဘာ့ကုသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ နှင့်က မ္ဘာ့နိုင်ငံအစိုးရများ အပါဝင် နိုင်ငံတကာမိသားစုများ နှင့်အတူ ပူးပေါင်းဆန့်ကျင် တိုက်ပွဲဝင်သွား မည်၊ စစ်အုပ်စုမှ ပြုလုပ်လာမည့် NCA အမည်ခံ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား သတိကြီး စွာဖြင့် ရှောင်ရှား၍ NCA တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြသော ကမ္ဘာ့ကုသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ နှင့်ကမ္ဘာ့နိုင်ငံ နှင့်ကမ္ဘာ့နိုင်ငံအစိုးရများ အပါဝင် နိုင်ငံတကာမိသားစုများ နှင့်အတူ ပူးပေါင်းဆန့်ကျင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

ထို့ပြင် စစ်ဘေးစစ်ဘေးဒဏ် ခံနေရသော ပအိုဝ်း အပါအဝင် လူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး အတွက် လူသားချင်းဆိုင်ရာ အကူအညီများ ရရှိရေး၊ တော်လှန်ရေး အထောက်အကူပြု အကူအညီ များ ရရှိရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်၊ နဝတ ခေတ်တွင် ပအိုဝ်းအမျိုးသားနေ့ကို ပအိုဝ်းအမျိုးသားပွဲတော်ဟု ပြောင်းလဲပုံဖျက်ခံခဲ့ရစဉ် ကတည်းက ကျန်ရစ်နေသော အပျော်အပါး လောင်းကစား မူးယစ်ဆေးဝါး အကျင့်ဆိုး ဓလေ့ဆိုး များကို ရှောင်ရှားပြီး ပအိုဝ်းအမျိုးသား လက္ခဏာများကို မြှင့်တင်၍ ပအိုဝ်းအမျိုးသားနေ့အား ဂုဏ်သိက္ခာ ရှိစွာ ကျင်းပကြရန် PNFC နှင့် PNLO/PNLA တို့က တိုက်တွန်းထားသည်။

PNO/PNA အနေဖြင့်လည်း စစ်အုပ်စု၏ အမိန့်ကို မြေဝယ်မကျ နာခံလျက် ၎င်းတို့၏ အမူအကျင့်ဆိုးနှင့် အကျင့်ပျက်စရိုက်နောက်ကို လိုက်၍ မိမိတို့ ပအိုဝ်းပြည်သူလူထုကို အတင်းအကြပ် စစ်မှုထမ်းစေ ၊ PNLO/PNLA နယ်မြေများ အပါအဝင် တော်လှန်သော ပြည်ထောင်စုသွေးချင်းများ၏ ဒေသ များသို့ နှောက်ယှက်တိုက်ခိုက်ခြင်း၊ ရပ်ရွာလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် အရပ်သား များအားတရားမဲ့သတ်ဖြတ်ခြင်းတို့ကို ချက်ချင်း ရပ်တန့်၍ PNO/PNA ဖွဲ့စည်းစဉ်က ချမှတ်ကျင့် သုံးခဲ့သော မူဝါဒများအတိုင်း စစ်အာဏာရှင် စနစ်ဆိုးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆန့်ကျင် တော်လှန်ရန်လည်း PNFC နှင့် PNLO/PNLA တို့က အလေးအနက် တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ ချုပ် (PNLO/PNLA) တို့သည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်ခြင်းနှင့်အတူ မိမိတို့ပအိုဝ်း အမျိုးသားရေး ရည်မှန်းချက်များ အောင်မြင်ပြီးပြည့်စုံရေးအတွက် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန် ရေးအင်အားစုများ အားလုံးနှင့် ပူးပေါင်းတိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article