26 C
Yangon
- Advertisement -spot_img

TAG

Spring Revolution

စစ်အာဏာရှင်တော်လှန်ရေးကို ဦးဆောင်နိုင်သည့် ခိုင်မာအားကောင်းသော စုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု PNLO/PNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်း ပြော

ရန်ကုန်၊ မေ ၁၈ စစ်အာဏာရှင်တော်လှန်ရေးတစ်ရပ်လုံးကို ဦးဆောင်နိုင်မည့် ခိုင်မာအားကောင်းသော စုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်လာရေးအတွက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ထုတ်ဖော်ပြောကြားသည်။ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ၏ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေး (၀၈/၂၀၂၆) ကို မေလ...

အကြမ်းဖက် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်ကို NUG နှင့် ကရင်နီ IEC တို့က ပယ်ချ၊ နွေဦးတော်လှန်ရေးရည်မှန်းချက်အတိုင်း ဆက်လက်တိုက်ပွဲဝင်မည်

ရန်ကုန်၊ ဧပြီ ၂၁ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် စစ်ရေးဖိအားပေး၍ အကျပ်ကိုင်ခြင်းနှင့် စိတ် ဓာတ်စစ်ဆင်ရေး လုပ်ဆောင်ခြင်းသာဖြစ်သည်ဟုဆိုကာ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့က တုံ့ပြန်ငြင်းပယ်လိုက်ကြသည်။ စစ်တပ်၏ ကမ်းလှမ်းမှုနှင့်ပတ်သက်၍ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တော်လှန်ရေးအင်အားစုများ...

ဘီးလင်းမြို့နယ်၊ လေးကေတပ်စခန်း သိမ်းပိုက်မှုအတွင်း ဒဏ်ရာရရှိသော မြန်မာစစ်တပ်ဘက်မှ စစ်သားကို KNLA တပ်များက ကယ်ထုတ်ခဲ့

ရန်ကုန်၊ ဧပြီ ၁၅ မွန်ပြည်နယ်၊ KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လေးကေတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဒဏ်ရာရရှိသွားသည့် မြန်မာစစ်တပ်ဘက်မှ စစ်သားတစ်ဦးကို KNLA တပ်ဖွဲ့ဝင်များက လူသားချင်းစာနာထောက်ထားမှုဖြင့် ကယ်ထုတ်ပေးခဲ့ကြောင်း KNU က သတင်းထုတ်ပြန်သည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ...

ဖလမ်းမြို့နယ်၊ ခွါးလ်လီရွာအနီး စစ်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး လက်နက် ၂၀ ကျော် သိမ်းဆည်းရမိ၊ စစ်တပ်ဘက်မှ သေဆုံးမှု များပြား

ရန်ကုန်၊ ဧပြီ ၁၅ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ခွါးလ်လီကျေးရွာအနီးတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ (SSPC) တပ်စခန်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့ ဧပြီလ ၁၄ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယင်းစခန်းမှ လက်နက် ၂၀ ကျော်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း CNA ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ကော့ကရိတ်မြို့နယ် မြဝတီ-ဘားအံလမ်းပိုင်းရှိ စစ်ကောင်စီစခန်းများကို တော်လှန်ရေးတပ်များက ရော့ကတ်ဖြင့် တိုက်ခိုက်နေပြီး တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်

ရန်ကုန်၊ ဧပြီ ၇၊ ၂၀၂၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ မြဝတီ-ဘားအံ လမ်းပိုင်းတကြောတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းများကိုSaw Dragon Drone Force (SDDF) တပ်ရင်းက ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၄ ရက်နေ့က စတင်၍ ကော့ကရိတ်မြို့နယ်၊...

ဖားကန့်တွင် တိုက်ပွဲဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်နေ၊ ကော့ကရိတ် ဒေါနတောင်ဘက်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်တွင် အကြမ်းဖက်...

မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်စရာမရှိဘဲ ဆီစျေးနှုန်းများ ကမ္ဘာ့စျေးနှုန်းနှင့်အညီ အပြောင်းအလဲဖြစ်လာမည်ဟု အကြမ်းဖက် ဇော်မင်းထွန်း ထွက်ပြော၊ စက်သုံးဆီချွေတာရေး အမိန့်ထုတ်ရမှု ဆီမရှိ၍ မဟုတ်ဟုဆို

ရန်ကုန်၊ မတ် ၄ မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်စရာမရှိဘဲ စက်သုံးဆီစျေးနှုန်းများမှာမူ ကမ္ဘာ့စျေးနှုန်းနှင့်အညီ အပြောင်း အလဲဖြစ်လာမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ယနေ့ ထွက်ပြောသည်။ ယနေ့ အကြမ်းဖက် စစ်တပ်လက်အောက်ခံ မီဒီယာများမှတစ်ဆင့် အကြမ်းဖက် ဇော်မင်းထွန်းက ထိုသို့ ပြောဆိုလာခြင်းဖြစ်သည်။ ယမန်နေ့ စက်သုံးဆီ ချွေတာရေး ကြေညာချက် ထုတ်ပြန်လိုက်ရခြင်းမှာ စက်သုံးဆီ...

ဗြိတိန်အစိုးရက မြန်မာကျောင်းသားဗီဇာ ပိတ်ပင်မှု ရက်စက်သည့် လုပ်ရပ်အဖြစ်Burma Campaign UK က ဝေဖန်လိုက်ပြီး အင်္ဂလန်ရောက် မြန်မာကျောင်းသားများမှာလည်း ဗီဇာအတွက် စိုးရိမ်နေရ

ရန်ကုန်၊ မတ် ၄ ဗြိတိန်အစိုးရက မြန်မာနိုင်ငံမှ ကျောင်းသားများကို ပညာသင်ကြားရေး ဗီဇာ ပိတ်ပင်လိုက်သည့်အပေါ် ရက်စက်သည့် လုပ်ရပ်အဖြစ် Burma Campaign UK က ဝေဖန်လိုက်သည်။ ယူကေအစိုးရက မြန်မာနိုင်ငံအပါအဝင် နိုင်ငံလေးခုမှ နိုင်ငံသားများအား ကျောင်းသားဗီဇာ (Student Visa) ထုတ်ပေးခြင်းကို ပိတ်ပင်လိုက်ကြောင်း ၂၀၂၆...

ပြည်သူကို ရန်သူသတ်မှတ်ပြီး အနိုင်ကျင့် ဗိုလ်ကျနေသော စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ လူထုနွေဦး တော်လှန်ရေးတွင် ဆက်လက် ပူးပေါင်း ဆင်နွှဲသွားမည်ဟု PNFC နှင့် PNLO/PNLA တို့ ပူးတွဲကြေညာ

ရန်ကုန်၊ မတ် ၂ ပြည်သူကို ရန်သူသတ်မှတ်ပြီး အနိုင်ကျင့် ဗိုလ်ကျနေသော အကြမ်းဖက် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်တော်လှန်၍ လူထုနွေဦးတော်လှန်ရေးတွင် ဆက်လက် ပူးပေါင်း ဆင်နွှဲသွားမည်ဟု ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်- PNLO/PNLA တို့က ကြေညာချက်တစ်စောင် ပူးတွဲ ထုတ်ပြန်လိုက်သည်။ ယနေ့ မတ်လ...

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အပါအဝင် နေရာအနှံ့အပြားတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများနှင့် စစ်ရေးလှုပ်ရှားလာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားဟု KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ ပြော

ဗန်းမော်တွင် စစ်တပ်ခြေကုပ်စခန်းများကို KIA က သိမ်းပိုက်ရရှိပြီး သံချပ်ကာကား ၁ စီးကို ပစ်ခတ်ဖျက်ဆီး ရန်ကုန်၊ ဇန်နဝါရီ ၃၁ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အပါအဝင် နေရာအနှံ့အပြားတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများနှင့် စစ်ရေးလှုပ်ရှားလာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာကြောငး ကချင်လွတ်လပ်ရေးအဖွဲ့- KIO/KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး...

Latest news

- Advertisement -spot_img