32 C
Yangon

အမေရိကန်နှင့်အီရန်စစ်ပွဲတွင် အီရန်ဘက်မှ အပြည့်အ၀ ရပ်တည်ထောက်ခံဟု တရုတ်က ကြေညာပြီး အမေရိကန်နှင့် အစ္စရေးတို့ကို အပြင်းအထန် ဝေဖန်

Must read

ရန်ကုန်၊ မတ် ၃

အရှေ့အလယ်ပိုင်းဒေသမှာ စစ်မီးတွေ တစ်ဟုန်ထိုး ကူးစက်နေချိန်မှာပဲ တရုတ်နိုင်ငံက အီရန်ဘက်ကနေ အပြည့်အဝ ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အီရန်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် တရုတ်က အသင့်ရှိနေသလို အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လုပ်ရပ်တွေကိုလည်း ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အီရန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဖုန်းနဲ့ဆက်သွယ် ဆွေးနွေးရာမှာ အခုလို ပြောကြားခဲ့တာဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် CCTV သတင်းမှာ ဖော်ပြပါတယ်။

“တရုတ်နိုင်ငံဟာ အီရန်နဲ့ရှိတဲ့ ရိုးရာချစ်ကြည်ရေးကို တန်ဖိုးထားပါတယ်။ အီရန်ရဲ့ အချုပ် အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်တာကို အပြည့်အဝ ထောက်ခံပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ ပဋိပက္ခတွေ တစ်ဒေသလုံးကို ကူးစက်မသွားအောင် ထိန်းသိမ်းဖို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

အိုမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆက်သွယ်ဆွေးနွေးရာမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ စကားတွေက ပိုပြီး ပြင်းထန်လာပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ “အီရန်ကို တမင်တကာ ရည်ရွယ်ပြီး စစ်မီးမွှေနေတာ” ဖြစ်သလို၊ ဒါဟာ ကုလသမဂ္ဂ ပဋိညာဉ်ပါ အခြေခံမူတွေကို ချိုးဖောက်နေတာဖြစ်တယ်လို့ သူက စွပ်စွဲလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတစ်ဆင့် တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးချိန်မှာတော့ ဝမ်ယိက လက်ရှိကမ္ဘာကြီးဟာ “တောရိုင်းဥပဒေ (Law of the jungle)” အတိုင်း အင်အားကြီးသူက နိုင်ထက်စီးနင်းလုပ်တဲ့ ခေတ်ဆိုးဆီ ပြန်ရောက်သွားမှာကို စိုးရိမ်ကြောင်း သတိပေးခဲ့ပါတယ်။

“အင်အားကြီးနိုင်ငံတွေဟာ သူတို့ရဲ့ စစ်ရေးအသာစီးရမှုကို အသုံးချပြီး တခြားနိုင်ငံတွေကို စိတ်ကြိုက် တိုက်ခိုက်လို့မရပါဘူး” လို့ သူက ပြတ်ပြတ်သားသား ပြောဆိုပါတယ်။

အီရန်ရဲ့ နျူကလီးယားပြဿနာကိုလည်း စစ်ရေးနဲ့ မဟုတ်ဘဲ နိုင်ငံရေးနဲ့ သံတမန်ရေးနည်းလမ်းတွေနဲ့ပဲ အဆုံးသတ်ဖြေရှင်းရမယ်လို့ သူက အလေးအနက် ပြောကြားခဲ့ပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article