30 C
Yangon

ဦးကျော်မိုးထွန်း အပါအဝင် အာဆီယံနိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီးများနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ၍ မြန်မာ့အရေးနှင့် ဒေသတွင်းကိစ္စများ ဆွေးနွေး

Must read

ရန်ကုန်၊ မတ် ၆

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် အာဆီယံနိုင်ငံများမှ ကုလသမဂ္ဂဆိုင်ရာ အမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီးများနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa P. Lazaro တွေ့ဆုံ၍ မြန်မာ့အရေးနှင့် ဒေသတွင်းလုံခြုံရေးကိစ္စများ ဆွေးနွေးကြောင်း သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက သူ၏ လူမှုကွန်ရက်မှတစ်ဆင့် ကုလသမဂ္ဂဆိုင်ရာ အာဆီယံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးများနှင့် ယနေ့တွေ့ဆုံကြောင်း သတင်းထုတ်ပြန် ထားခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ရောက်ရှိနေသော ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂဆိုင်ရာ အာဆီယံအမြဲတမ်းကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ ၂၀၂၆ ခုနှစ်အတွက် ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောဆိုကြောင်း သိရှိရသည်။

အာဆီယံဥက္ကဋ္ဌ မြန်မာ့အရေး အထူးသံတမန်လည်းဖြစ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ Ma. Theresa P. Lazaro က မြန်မာ့အရေးအတွက် ၎င်းဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၏ နောက်ဆုံးအခြေအနေများကို ရှင်းပြခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် ၂၀၂၇-၂၀၂၈ ခုနှစ်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းမဟုတ်သောအဖွဲ့ဝင်နိုင်ငံအဖြစ် ဖိလစ်ပိုင်နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေကိုလည်း ရှင်းလင်းပြောဆိုသည်ဟု သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (Code of Conduct – COC) ဖော်ဆောင်မှု၊ မြန်မာ့အရေးနှင့် အရှေ့အလယ်ပိုင်းဒေသ အခြေအနေများအပါ အဝင် အာဆီယံ၏ ရပ်တည်ချက်၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပေါ် ပွင့်လင်းမြင်သာစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

အာဆီယံအနေဖြင့် အရှေ့တောင်အာရှဒေသတွင်းသာမက ကမ္ဘာ့တစ်ဝန်းတွင်ပါ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရန် ဆက်လက်တိုက်တွန်း ဆောင်ရွက်သွားမည်ဟု အဆိုပါတွေ့ဆုံပွဲတွင် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article