By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ၅ နှစ်တာကာလ အတွင်း ထင်သာမြင်သာတိုး တက်မှုတွေနှင့် အောင်မြင်မှုတွေကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်တယ်လို့ အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်ပါတယ်။
-စက်သုံးဆီ ခြိုးခြံခြွေတာ သုံးစွဲရေး အတွက်ဆိုပြီး အိမ်စီးကားတွေကို နံပါတ်အလိုက် စုံ/မ အက္ခရာ အတိုင်း တစ်ရက်စီမောင်းနှင်ရမယ်လို့ အမိန့် ထုတ်ထားတဲ့ စစ်အုပ်စုက စက်သုံးဆီကိုလည်း ယာဉ် နံပါတ် စုံ/မ အက္ခရာ အလိုက် တစ်ရက်စီ ရောင်းချမယ်လို့ ထုတ်ပြန်လာပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့ မရှီကထောင် ရပ်ကွက်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် ဆင်နွှဲနေတဲ့ စစ်ပွဲဟာ ရှေ့လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လောက်အထိ ရိုက်ခတ်မှုရှိမလဲဆိုတာကို ဓာတ်ဆီဆိုင်တွေက အရောင်းနှုန်း ထား တွေမှာ မြင်တွေ့ရတော့မှာ ဖြစ်ပါ တယ်။ ဒီစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကတော့ စွမ်းအင်ဈေးနှုန်း တွေ မြင့်တက်လာနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။




