By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ထိုင်း-မြန်မာနယ်စပ်မှာ အမေရိကန် FBI က မြန်မာဘက်အခြမ်းမှာရှိတဲ့ ကျားဖြန့်ဝင်းတွေ၊ အဲဒီဝင်းတွေကို အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်း တာတွေ၊ လေ့လာတာ တွေကို အသေးစိတ် လုပ်ဆောင်နေပြီလို့ ထိုင်း-မြန်မာနယ်စပ် သတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ရန်ကုန်မြို့မှာ စက်သုံးဆီချွေတာရေး စီမံချက်အဖြစ် “မ”ဂဏန်းရက်မှာ ထွက်လာတဲ့ “စုံ”ဂဏန်း နံပါတ်ကားတွေကို ယာဉ်ထိန်းရဲတွေက ငွေညှစ်တောင်းယူတာတွေ လုပ်နေပြန်တယ်လို့ ကားပိုင်းရှင် တချို့က ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာပါတယ်။
– ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ကြံ့ဖွတ်ပါတီ အတွင်းရေးမှူး မင်းဦး နဲ့ တာမွေမြို့နယ် အရိုးကုန်းအုပ်ချုပ်ရေးမှူး အောင်မြင့်ဦး ဆိုသူတို့က လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီး ငွေညှစ်နေတဲ့ အပြင် မြေကွက်တွေကိုပါ အကွက်ရိုက်ပြီးတော့ လိမ်လည်ရောင်းချနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– အမေရိကန်ဘက်က အီရန်ကို လက်နက်ချခိုင်းမှုအတွက် အီရန်သမ္မတက ငြင်းပယ်လိုက်ပြီး အီရန်ဘက်က အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်မိတဲ့အတွက် ဝန်ချတောင်းပန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




