35 C
Yangon

KTLA အဖွဲ့က KNLA ရဲဘော်နှင့် မြို့နယ်လုပ်သားတို့ကို ဖမ်းဆီးသတ်ဖြတ်မှု KNU က ပြင်းပြင်းထန်ထန်ဝေဖန်

Must read

ရန်ကုန်၊ မတ် ၉

တနင်္သာရီတိုင်း KNU -ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်မှုနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်အတွင်းမှာ နယ်မြေလုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ KNLA တပ်ရင်း မြေ မှ ရဲဘော် ၁ ဦးနဲ့ ကစယ်ဒိုမြို့နယ် လုပ်သားလူငယ် ၁ ဦးကို ဗိုလ်စောအယ်ခွီး (ခ) ကော်လားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၇ ရက်နေ့ မနက် ၂ နာရီအချိန်ခန့်မှာ သရက်ချောင်းမြို့နယ်(ကစယ်ဒိုမြို့နယ်) ၊ ပေါခလိုး (ဘန်းချောင်းကျေးရွာအုပ်စု) အတွင်း စစ်ရေးနဲ့ နယ်မြေလုံခြုံရေးအတွက် လုပ်ငန်းဆောင်ရွက်နေတဲ့ အဆိုပါ ရဲဘော်နဲ့ လူငယ်တို့ကို KTLA အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးပြီးနောက်မှာတော့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“KTLA ဗိုလ်စောအယ်ခွီး အဖွဲ့ အဲဒီနယ်မြေမှာ ဘယ်သူ့ကိုမှ ဗိုလ်မထားတာ။ PDF ရော KNLA ရော စစ်တပ်ရော သူတို့က အကုန်တိုက်နေတာ။ PDF တွေနဲ့ ထိပ်တိုက်ဖြစ်တာမျိုးမရှိသေးပေမယ့် ဆက်ဆံရေး ကောင်းနေတာတော့မဟုတ်ဘူး။ ဗိုလ်အယ်ခွီးက သူ့နယ်မြေမှာ ဘယ်သူ့ကိုမဆို ချမယ်ဆိုတဲ့ အဓိပ္ပာယ်လို့ ပြောရမလားပဲ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အခုဖြစ်စဉ်မတိုင်ခင် မတ်လ ၄ ရက်နေ့ကလည်း တိုက်ပွဲအတွက် စစ်အင်အားဖြည့်တင်းဖို့ သွားရောက်နေတဲ့ KNLA တပ်ရင်း ၁၂ ရဲဘော်တွေရဲ့ ကားကို ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့ကပဲ ချောင်းမြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။

KNU အနေနဲ့ ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ဝင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။ ၎င်းတို့အဖွဲ့ဟာ စတင်ဖွဲ့စည်းချိန်ကစပြီး ပြည်သူလူထုအကျိုးကို ဆောင်ရွက်ဖို့ ပျက်ကွက်နေရုံတင်မကဘဲ၊ မိခင်အစည်းအရုံးဖြစ်တဲ့ ကေအဲန်ယူကို ရန်သူလိုသဘောထားပြီး စစ်အာဏာရှင်အလိုကျ ပြန်လည်တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article