ရန်ကုန်၊ မတ် ၁၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီတံတားကို ပစ်မှတ်ထားကာ စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ဘေး ရှောင်များကို ကူညီဆောင်ရွက်ပေးနေသူ စာရေးဆရာ ကိုဝေဟင်အောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ မတ်လ ၁၂ ရက် ည ၁၀ နာရီ ၁၀ မိနစ်က ကျောက်တော်မြို့နယ်၊ ကစ္ဆပနဒီတံတားကို ပစ် မှတ်ထားကာ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ တံတားအောက်ဘက်ရှိ အဆောက်အအုံတစ်လုံးကို ထိမှန်ပေါက်ကွဲပြီး အဆောက်အအုံမီးလောင် ပြာ ကျခဲ့ကြောင်း၊ ယင်းဗုံးကျဲတိုက်ခိုက်မှုအတွင်း လူထိခိုက်မှုမရှိကြောင်း သိရသည်။
“မနေ့ည ၁၀ နာရီ ၁၀ မိနစ်လောက်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲသွားတာ၊ ကစ္ဆပနဒီတံတားနဲ့ တံတား အောက်ဘက်အနားက အဆောက်အအုံတစ်ခုထိတယ်၊ လူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး လို့ ကြားပါတယ်၊ အဆောက်အအုံကစ်ခုတော့ မီးလောင်သွားတယ်” ဟု စစ်ဘေး ရှောင်များကို ကူညီ ဆောင်ရွက်ပေးနေသူ စာရေးဆရာ ကိုဝေဟင်အောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။
အဆိုပါ ကျောက်တော်မြို့နယ်သည် အာရက္ခတပ်တော်-AA က အပြည့်အဝ ထိန်းချုပ်ထားသည့် မြို့ နယ်တစ်ခုဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုကို ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်နေ ခြင်းဖြစ်ကြောင်း သိရသည်။
မတ်လ ၈ ရက်၊ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ် အချိန်အထိ အာရက္ခတပ်တော် -AA ထိန်းချုပ်ထားသော အမ်းမြိုနယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံပန်းအကျဉ်းစခန်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီး နှင့် Y-12 ၄ စီးတို့ဖြင့် ၃ နာရီကြာသည်အထိ ဗုံးကျဲပစ်ခတ် တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်တပ်က စစ်သုံ့ပန်းအရာရှိကြီးများအပါအဝင် ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ် ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA ကထုတ်ပြန်ထားသည်။






