28 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် မင်းအောင်လှိုင် စီမံထားတဲ့အတိုင်း သူတို့ရဲ့ အကြမ်းဖက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ သာ ဖြစ်လာပြီး မောင်မောင်အုန်းကတော့ အကြမ်းဖက် ပြည် သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်လာပြန်ပါတယ်။

မကွေးတိုင်း ၊ ထီးလင်းမြို့နယ် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ရဲ့ တပ်မ ၇၇ က ဒုတပ်မမှူး ဗိုလ်မှူးကြီး ဝင်းမောင်မောင် ဆိုသူ သေသွားပြီး စစ်တပ်က သူ့ကို သေပြီးမှပဲ ဗိုလ်မှူးချုပ်ရာထူးတိုးပေးပြီးတော့ စစ်အခမ်းအနားနဲ့ သဂြိုလ်ခဲ့ပြန်တယ်ဆိုပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းပိုင်းမှာ အကြမ်းဖက် စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေအနေနဲ့ အဲ့ဒီ့လမ်းပိုင်းတွေကို လုံးဝမပြုလုပ်ဖို့ အသိပေးလိုတယ်လို့ ဒေသခံပြည်သူတွေ နဲ့ စစ်ရေးသတင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ဆက်သွယ်ပြောဆိုလာကြပါတယ်။

အရှေ့အလယ်ပိုင်းမှာ အမေရိကန်-အစ္စရေးနဲ့ အီရန်နိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ အပြန်အလှန် တိုက်ခိုက်မှုတွေနဲ့ ဆက်လက်တင်းမာနေပြီး အီရန်နဲ့ ဆွေးနွေးမှုတွေရှိပေမယ့် အီရန်က စစ်ပွဲရပ်စဲဖို့ အသင့်မဖြစ်သေးဘူးလို့ အမေရိကန်သမ္မတထရမ့်က ပြောကြားလိုက်သလို အီရန်ဘက်ကတော့ အမေရိကန်နဲ့ စကားပြောဖို့ အကြောင်းပြချက်မရှိတော့ဘူးလို့ ပြန်လည်တုံပြန်လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article