29 C
Yangon

ကြံ့ခိုင်ရေးပါတီက အာဏာရပါတီအဖြစ် ၁၅ နှစ် ထပ်မံအုပ်ချုပ်ရန် ရည်မှန်းထားပြီး စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားရန် အစီအစဉ်မရှိဟု အကြမ်းဖက် ဘူးလက်လှဆွေ ပြောကြား

Must read

ရန်ကုန်၊ မတ် ၁၇

ကြံ့ဖွတ်ပါတီအနေဖြင့် အာဏာရပါတီ (Ruling Party) အဖြစ် ရှေ့လာမည့် ၁၅ နှစ်တာကာလအထိ နိုင်ငံတော်ကို ဆက်လက်ဦးဆောင်သွားရန် စီစဉ်ထားပြီး စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ရှားရန် အစီအစဥ်မရှိကြောင်း အကြမ်းဖက် ဘူးလက်လှဆွေက ပြောကြားလိုက်သည်။

ယမန်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာတက်စဉ် ဘီဘီစီမြန်မာပိုင်းနှင့် VOM သတင်းဌာနတို့ထံသို့ အကြမ်းဖက် ဘူးလက်လှဆွေက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

ကြံ့ခိုင်ရေးပါတီအနေဖြင့် ယခု ရွေးကောက်ပွဲသက်တမ်း တစ်ခုတည်းအတွက်သာမကဘဲ ဆယ်စုနှစ်နှင့်ချီ၍ နိုင်ငံကို ဦးဆောင်နိုင်ရန် ပြင်ဆင်ထားကြောင်း ၎င်းက ဆိုသည်။

” ကျနော်ဒီ ၅ နှစ်တင်မက လာမည့် ၅ နှစ်၊ ၁၀ နှစ်၊ ၁၅ နှစ် နိုင်ငံကို ဦးဆောင်သွားဖို့ စဉ်းစားထားတယ်။ ပြီးရင် ကျွန်တော်တို့ Ruling Party အဖြစ် ရပ်တည်ပြီးတော့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေကို စိုက်လိုက်မတ်တပ် လုပ်သွားဖို့ သန္နိဋ္ဌာန်ချထားတယ်” ဟု သူကဆိုသည်။

ထို့ပြင် လွှတ်တော်အတွင်းရှိ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မှုနှင့် ပတ်သက်၍ ၎င်းက လက်ရှိအခြေခံဥပဒေအရ လက်ခံထားပြီးဖြစ်ကြောင်းနှင့် ယင်းကဏ္ဍကို ပျောက်ကွယ်သွားအောင် လုပ်ဆောင်ရန် မလိုအပ်သေးကြောင်း သူက ဆိုသည်။

“တပ်မတော်သားတွေရဲ့ အစုအဖွဲ့ဟာ ၂၅ ရာခိုင်နှုန်း ရှိတယ်လေ။ မြန်မာနိုင်ငံရဲ့ ပေးထားချက်ကိုက ၁၀၀ ရာခိုင်နှုန်း မရှိသေးဘူး။ ၂၅ ရာခိုင်နှုန်းက တပ်မတော်ရဲ့ အငွေ့အသက် ရှိနေဦးမှာပဲ။ ဒါကိုလည်း အခြေခံဥပဒေက လက်ခံထားတယ်။ ကျွန်တော်တို့ကလည်း အားလုံး လက်ခံထားတယ်။ ဒါကို တပ်မတော်သားရဲ့ အငွေ့အသက်ကို လုံးဝ ပျောက်ကွယ်သွားအောင် ဆိုတာက ၂၅ ရာခိုင်နှုန်း မရှိမှ ဖြစ်မယ်လေ။ ဒါဆို အခြေခံဥပဒေကို ပြင်ရမှာ ဖြစ်တယ်လေ။ ဒါတွေဟာ မလိုအပ်သေးဘူးလို့ ထင်ပါတယ်။ အခုအချိန်မှာတော့ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက လိုကို လိုအပ်လျက်ရှိပါတယ်” ဟု ဦးလှဆွေက ပြောသည်။

ကြံ့ခိုင်ရေးပါတီအနေဖြင့် လာမည့်သက်တမ်းများတွင် အာဏာရပါတီအဖြစ် ဆက်လက်တည်ရှိနေရန် ပြင်ဆင်နေမှုကို လှဆွေက ထုတ်ဖော်လာခြင်းဖြစ်ပြီး လက်ရှိတည်ဆဲ ၂၀၀၈ အခြေခံဥပဒေပါ စစ်တပ် ၏ နိုင်ငံရေးဦးဆောင်မှုကဏ္ဍကိုလည်း ဆက်လက်ထိန်းသိမ်းထားလိုသည့် သဘောထားကို လွှတ်တော်ပထမဆုံးနေ့တွင်ပင် လှဆွေက ထုတ်ဖော်ပြောဆိလိုက်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article