27 C
Yangon

အင်းစိန်ဆေးရုံတွင် ဆေးကုသနေသည့် နိုင်/ကျဉ်းအပါအဝင် အကျဉ်းသား ၂ ဦးကို အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်း ကိုယ်ထိလက်ရောက် ရိုက်နှက်

Must read

ရန်ကုန်၊ မတ် ၂၉

ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံတွင် ဆေးကုသနေသည့် နိုင်/ကျဉ်းအပါအဝင် အကျဉ်းသား ၂ ဦးကို အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူး သိန်းဝင်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ဆေးရုံရှိ အကျဉ်းသားဆေးကုသဆောင် (Guard Ward) တွင် ဆေးကုသမှုခံယူနေသည့် နာတာရှည်ဝေဒနာရှင် နိုင်ငံရေးအကျဉ်းသားတစ်ဦးနှင့် အခြားအကျဉ်းသားတစ်ဦးတို့အား အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်းက ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ ကျူးလွန်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၂ ရက်နေ့တွင် အင်းစိန်ဆေးရုံ Guard Ward ၌ ခါးနာနှင့် အာရုံကြောညပ်ဝေဒနာကြောင့် ဆေးကုသမှုခံယူနေသည့် အသက် ၃၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ထံသို့ မြို့နယ်ရဲမှူး သိန်းဝင်း ရောက်ရှိလာခဲ့ကြောင်း၊ ရဲမှူးက ဆဲဆိုကြိမ်းမောင်းပြီး မျက်နှာကို ရိုက်နှက်ခြင်း၊ နာတာရှည်ဝေဒနာ ခံစားနေရသည့် ခါးကို ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းအပြင် အသက် ၆၂ နှစ်အရွယ် အခြားအကျဉ်းသားတစ်ဦးဖြစ်သူ ကိုလည်း ရဲမှူး သိန်းဝင်းက ထပ်မံရိုက်နှက်ကန်ကျောက်ခဲ့ရာ အရိုက်ခံရသူမှာ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး ပြန်မထနိုင်သည့် အခြေအနေအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကျဉ်းသား ၂ ဦးကို ရိုက်နှက်မှု ကျူးလွန်သူ ရဲမှူးသိန်းဝင်းက “မင်းတို့ ဘာကောင်ဖြစ်ဖြစ် ဂုတ်ချိုးသတ်လို့ရတယ်” ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည့်အပြင် လူနာများ၏ အဝတ်အစား၊ အစားအသောက်နှင့် ဆေးဝါးများကိုပါ သိမ်းဆည်းရန် အမိန့်ပေးခဲ့သည်။

ထို့ပြင် မိသားစုဝင်များက လိုအပ်သည့် ဆေးဝါးနှင့် စားစရာများ လာရောက်ပို့ဆောင်ပေးခြင်းကိုပါ ပိတ်ပင်ခဲ့ခြင်းကြောင့် လူနာများအတွက် ကြီးမားသည့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသားသည် ဆေးရုံတွင် နေထိုင်စဉ်အတွင်း မည်သည့်စည်းကမ်းဖောက်ဖျက်မှုမျှ မရှိဘဲ ကောင်းမွန်စွာ နေထိုင်ခဲ့ကြောင်း သိရှိရသည်။

အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်းက အကျဉ်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အာဏာအလွဲ သုံးစားလုပ်မှုနှင့် ဥပဒေမဲ့ ပြုကျင့်မှုများ ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article