ရန်ကုန်၊ ဧပြီ ၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ ဒေသအချို့ကို အကြမ်းဖက်စစ်တပ်က ယနေ့တွင် လေယာဉ် ၆ စီးအသုံးပြုကာ လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။
ယနေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် စစ်တပ်က လေယာဉ် ၆ စီး အပါအဝင် လေကြောင်းအင်အားအလုံးအရင်းဖြင့် စစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးအရပ်သားပြည်သူများလှုပ်ရှားသွားလာနေသော နေရာများကို လေကြောင်းမှတစ်ဆင့် ဗုံးကျဲခြင်း၊ သေနတ်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“လေယာဉ်တွေကတော့ Y 12 ရော၊ တိုက်လေယာဉ်တွေရော အဆက်မပြတ်ဗုံးကျဲတာလို့သိရတယ်။ ပင်လယ်ပြင်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ် ” ဟု ရခိုင်ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေချိန်တွင် စစ်တပ်က ယခုကဲ့သို့ လေယာဉ်အစီးရေ အမြောက်အမြား အသုံးပြုကာ တိုက်ခိုက်လာခြင်းဖြစ်သည်။




