27 C
Yangon

သရက်ချောင်းမြို့ပေါ်ရှိ စစ်တပ်၏ ၄၀၃ တပ်ရင်း၊ ၄၀၅ တပ်ရင်း၊ ရဲစခန်းနှင့် မြို့တော်ခန်း တို့ကို ၆ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့

Must read

ရန်ကုန်၊ ဧပြီ ၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ၄၀၃ တပ်ရင်း၊ ၄၀၅ တပ်ရင်း၊ ရဲစခန်းနှင့် မြို့တော်ခန်း တို့ကို ၆ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသ သတင်းရင်းမြစ် ပြောဆိုချက်အရသိရသည်။

မတ်လ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ သရက်ချောင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်၏ ၄၀၃ တပ်ရင်း၊ ၄၀၅ တပ်ရင်း၊ ရဲစခန်းနှင့် မြို့‌တော်ခန်းမတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ၆ရက်ဆက်တိုက် ဒရုန်းဖြစ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် စစ်တပ်က မြို့ပြင် ပတ်ပတ်လည်တွင် တပ်ဖြန့်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများလည်းရှိကြောင်း သိရှိရသည်။

“၆ ရက်ဆက်တိုက်ကို သရက်ချောင်းမြို့ပေါ်က စစ်ခွေးတွေ တပ်စွဲထားတဲ့ နေရာတွေ တိုက်ခိုက်ခံရတာ စစ်ခွေးတွေ ထိခိုက်သေဆုံးတာရှိတယ်။ သူတို့ အဲလို တိုက်ခိုက်ခံရလို့ မြို့ပြင် ပတ်ပတ်လည်ကို တပ်ဖြန့်ပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေ ရမ်းပစ်တာတွေ လုပ်တယ်လို့ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့နှင့် ဒေါင်းညီ‌ နောင်စစ်ကြောင်း PBDF ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့သည် ဖေဖော်ဝါရီလပိုင်းနှင့် မတ်လပိုင်းကလည်း သရက်ချောင်းမြို့နယ်၊ ခမရ ၄၀၃ တပ်ရင်း၊ ထားဝယ်မြို့ပြင်ရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်၊ ထားဝယ်မြို့ တနင်္သာရီတိုင်းရဲဝန်ထမ်းအိမ်ရာ၊ ထားဝယ်မြို့ စုပေါင်းရုံး၊ ထားဝယ်မြို့ စစစရုံးနှင့် ထားဝယ်မြို့နယ်ရဲစခန်းတို့ကိုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article