34 C
Yangon

မင်းအောင်လှိုင် သမ္မတ ဖြစ်လာသော်လည်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ရေး ဆက်လက်တွန်းအားပေးမည်ဟု ကြေညာ

Must read

ရန်ကုန်၊ ဧပြီ ၄

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ဖြစ်လာသော်လည်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ရေး တွန်းအားပေးမည်ဟု တရားဝင် ကြေညာသည်။

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များ၊ အစုအဖွဲ့များနှင့် ဆက်လက်ထိတွေ့ဆက်ဆံမှုများ (Engagements) ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ အိမ်တော်(Malacañang) က ထုတ်ပြန်သည်။

ဖိလစ်ပိုင်သမ္မတအိမ်တော်၏ ပြန်ကြားရေးအရာရှိ Claire Castro က “အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ယူထားတဲ့ နိုင်ငံခြားရေးအတွင်းဝန် Ma. Theresa Lazaro ကတစ်ဆင့်သော်လည်းကောင်း၊ သက်ဆိုင်ရာသံရုံးတွေကတစ်ဆင့်သော်လည်းကောင်း မြန်မာနိုင်ငံက သက်ဆိုင်ရာအာဏာပိုင်တွေ၊ အစုအဖွဲ့တွေနဲ့ ဖိလစ်ပိုင်နိုင်ငံက ဆက်လက်ထိတွေ့ဆက်ဆံသွားမှာဖြစ်ပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံက ဦးဆောင်သည့် ကြိုးပမ်းအားထုတ်မှုများအပေါ် ဖိလစ်ပိုင်နိုင်ငံက ဆက်လက် ကတိကဝတ်ပြုထားကြောင်းလည်း အိမ်တော်အရာရှိက ထပ်လောင်းပြောကြားခဲ့သည်။

Claire Castro က “ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာဆီယံရဲ့ စုပေါင်းကြိုးပမ်းမှုတွေကို ဆက်လက်ထောက်ခံသွားမှာဖြစ်သလို၊ အထူးသဖြင့် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာပြည်သူတွေထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ဖို့အတွက် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် (Five Point Consensus) ကို အပြည့်အဝနဲ့ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ဖို့ တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုထုတ်ပြန်ချက်သည် မြန်မာစစ်ခေါင်းဆောင်ကို သမ္မတအဖြစ် အပြောင်းအလဲလုပ်လိုက်သည့်အပေါ် ဖိလစ်ပိုင်နိုင်ငံ၏ ရှေ့ဆက်မည့် လုပ်ငန်းစဉ်သဘောထားကို ဖော်ပြလိုက်ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article