ရန်ကုန်၊ ဧပြီ ၈
ကရင်နီပြည်နှင့် ရှမ်းတောင်ဒေသတို့ကို စစ်ရေးလိုအပ်ချက်အရ စစ်ဒေသ ၅ ခုဖြင့်ဖွဲ့စည်းလိုက် ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။
လက်ရှိ စစ်အာဏာရှင်စနစ် တော်လှန်ရေးတွင် တပ်ဖွဲ့များ၏ ဆောင်ရွက်မှုများကို ပိုမိုကျစ်လစ်တိ ကျစေရန်၊ အရည်အသွေး စွမ်းဆောင်ရည် ပြည့်မီစေရန်၊ လုပ်ငန်းများအား ထိရောက်စွာ အကောင် အထည်ဖော်နိုင်စေရန်နှင့် အမိန့်ပေးမှုစနစ်အား ပိုမိုတိကျခိုင်မာသော တပ်ဖြစ်စေရန် ရည်ရွယ်၍ က ရင်နီပြည်နှင့် ရှမ်းတောင်ဒေသ တို့ကို စစ်ဒေသ ၅ ခုဖြင့်ဖွဲ့စည်းလိုက်ခြင်းဖြစ် ကြောင်း သိရသည်။
“ကျနော်တို့ ကရင်နီဒေသပေါ့၊ ရှမ်းပြည်နယ်တောင်ပိုင်းအပါအဝင် စစ်ဒေသ ၅ ခုကို ဖွဲ့စည်းလိုက် တာ ဖြစ်ပါတယ်။ အဓိကကတော့ ကျစ်ကျစ်လစ်လစ်နဲ့ စစ်ဒေသအလိုက် စစ်ရေး လှုပ်ရှားမှုတွေကို ဆောင်ရွက်နိုင်ဖို့အတွက် ပြန်လည်ပြီးတော့ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။ ကျနော်တို့ရှိရင်းစွဲ ဗျူဟာ တွေ၊ တပ်ရင်းတပ်ဖွဲ့တွေကို စစ်ရေးလိုအပ်ချက်အရ ကျစ်ကျစ်လစ်လစ်နဲ့ ပြန်ပေါင်းစည်းပြီးတော့မှ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်” ဟု KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ထိုသို့ ပြန်လည်ဖွဲ့စည်းမှုသည် တပ်ဖွဲ့၏ အမိန့်ပေးစီးဆင်းမှု၊ စည်းကမ်းနှင့် စနစ်တကျဖြစ်မှုများကို ပိုမိုခိုင်မာစေရန် ရည်ရွယ်သည့် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တစ်ရပ်ဖြစ် ကြောင်း၊ ထို့ကြောင့် အဖွဲ့အသစ်အဖြစ် ပြန်လည်တည်ထောင်ထားသော KNDF တပ်ရင်းများအနေဖြင့် အရည်အသွေးမြင့် စွမ်းဆောင်ရည်များနှင့်အတူ စည်းကမ်းပြည့်ဝသော ဆောင်ရွက်မှုများကို ဆက်လက် အကောင်အ ထည် ဖော်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်မှုနှင့် အတူ အပြည့်အဝ ကြိုးစား လုပ်ဆောင်၍ အ ကောင်းဆုံးပုံစံဖြင့် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။
KNDF တပ်ရင်းအမှတ် ၈ နှင့် KNDF တပ်ရင်းအမှတ် ၅ တို့ကို ပူးပေါင်းညှိနှိုင်းကာ ကရင်နီ အမျိုး သားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၇ (အမှတ် ၂ စစ်ဒေသ) အဖြစ် ပြန်လည်ဖွဲ့စည်းလိုက် ကြောင်း ယမန်နေ့ ဧပြီလ ၇ ရက်နေ့က KNDF တပ်ရင်း ၇ က တရား ဝင် ထုတ်ပြန်ခဲ့သည်။
ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် -KNDF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာမှုကြောင့် ပေါက်လာသည့် နွေဦးတော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး တပ်ရင်းပေါင်း ၃၀ ကျော်ရှိ ကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖွဲ့စည်းခဲ့သည့် နွေဦးတော်လှန်ရေး မဟာမိတ်တပ် ပေါင်းစု -SRA တွင်လည်း အဖွဲ့ဝင်တပ်ဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။




