ရန်ကုန်၊ ဧပြီ ၃၀
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ မြင်းတဲကြီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် နတ်မောက်မြို့နယ်၊ မြင်းတဲကြီးကျေးရွာမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ကျောက်မိုးကျေးရွာနှင့် လျော်ချောင်းကျေးရွာ အကြားတွင် မိုင်း ၄ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“နတ်မောက်မြို့နယ် ကျေးရွာများကို စစ်ကြောင်းထိုးလာသော စစ်ခွေးတွေကို ကျွန်တော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး သေစာရင်းကတော့ ၅ ဦး သေဆုံးတယ်။ ၆ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်ခွေး စစ်ကြောင်းကို ကျောက်မိုးကျေးရွာနဲ့ လျော်ချောင်းကျေးရွာအကြားမှာ မိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု နတ်မောက်ဂဠုန် PDF အဖွဲ့မှ ဗိုလ်အောင်ဒင်က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို PDF ၉၀၃ တပ်ရင်း၊ ၉၀၂ တပ်ရင်း နှင့် နတ်မောက် ပကဖ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။




