ရန်ကုန်၊ ဇွန် ၁၉
စစ်ကိုင်တိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် နှင်းဆီ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နှင်းဆီလှုပ်ရှားမှုကို ဒီပဲယင်းမြို့နယ် သွေးသစ် သပိတ်ဦးဆောင်ကော်မတီ ၊ Depeyin Youth Community၊ ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစု၊ ရွှေဗန့်ဂျီသပိတ်အင်အားစုနှင့် ဒေသပြည်သူများက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။






