27 C
Yangon

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီ၏ ရိက္ခာတင် စစ်သင်္ဘောများ ဆန်တက်နေသောကြောင့်မြစ်ကမ်းဘေးရှိ ကျေးရွာနေပြည်သူများ လုံခြုံရေးသတိ ရှိကြရန် ဟုမ္မလင်းမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးဗဟိုအဖွဲ့ ထုတ်ပြန်တိုက် တွန်း

Must read

ရန်ကုန်၊ ဇူလိုင် ၆

ချင်းတွင်းမြစ်ကြောင်းအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘောများ အစုန်အဆန် သယ်ယူပို့ဆောင်ရေး လုပ်နေသောကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာနေပြည်သူများ လုံခြုံရေးသတိရှိကြရန် ဟုမ္မလင်းမြို့ နယ် အရေးပေါ် အုပ်ချုပ်ရေးဗဟိုအဖွဲ့က ယနေ့ဇူလိုင်လ ၆ ရက်နေ့တွင် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

ယခုအချိန်သည် ချင်းတွင်းမြစ်ရေကြီးမြှင့်သည့် ကာလဖြစ်သည့်အတွက် စစ်ကောင်စီမှ လက်နက်၊ ခဲ ယမ်းနှင့် ဆက်စပ်ပစ္စည်းများကို ဖလပ်မော်တော်များ၊ တိုက်ခိုက်ရေးသင်္ဘောများကို အသုံးပြု၍ မြစ် ကြောင်းအား အစုန်အဆန်ပြုလုပ်ကာ သယ်ယူပို့ဆောင်လျက်ရှိကြောင်း၊ ထိုသို့သယ်ယူပို့ဆောင်ရာ တွင် မြစ်ကမ်းဘေးရှိ ကျေးရွာများကို စစ်သင်္ဘောများမှ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ် ခတ်ခြင်း၊ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတို့နှင့် ဗုံးသီးချခြင်းများ ပြုလုပ်လျက်ရှိကြောင်း အသိပေးထားသည်။

ထိုသို့ စစ်ကောင်စီ၏ ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် အပြစ်မဲ့ မိဘပြည်သူများ၏ အသက် အိုးအိမ် ပျက်စီး ဆုံးရှုံးမှုများလည်း ရှိခဲ့ပြီး စစ်သင်္ဘောများ ဖြတ်သန်းသွားလာသော အချိန်များတွင် မိဘပြည်သူများအနေဖြင့် ဘေးလွတ်ရာများ၊ ဗုံးခိုကျင်းများ၊ခိုင်ခန့်သော အဆောက်အဦးများ စသည့် နေရာများတွင်သာ နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။

ဇူလိုင်လ ၄ ရက်နေ့မှစ၍ မုံရွာမြို့ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသော စစ်ကောင်စီ၏ တိုက် ခိုက်ရေး သင်္ဘော၂ စီးနှင့် စစ်သား၊ ဒရုန်း၊ လက်နက်ခဲယမ်း၊ ရိက္ခာများ တင်ဆောင်ထားသည့်ဖလက် မော်တော်ရေယာဉ် ၂၆ စီးသည် ယနေ့ ဇူလိုင်လ ၆ ရက် ညနေ ၆ နာရီတွင် ကနီမြို့သို့ ရောက်ရှိ ရပ် နားလျက်ရှိပြီး ကင်းထောက်ဒရုန်းများလည်း လွှတ်တင်ထားကြောင်း၊ ထို့ကြောင့်ကနီမြို့အနီးအ နား ကျေးရွာနေပြည်သူများအနေဖြင့် အထူးသတိထားနေထိုင်ရန်လိုအပ်ကြောင်း တော်လှန်ရေးအဖွဲ့ အ စည်းများက တိုက်တွန်းထားသည်။

“အခုလောလောဆယ်တော့ လေကြောင်းကနေ ကင်းထောက်နေတာရှိတယ်။ မြစ်ကြောင်းဘေးတ လျှောက်ကကျေးရွာတွေကတော့ ဘေးလွတ်ရာတိမ်းရှောင်နေကြတာတွေရှိပါတယ်” ဟု ဒေသနေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့အပြင် ဒုတိယအသုတ်အဖြစ် မုံရွာ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ စစ်ကောင်စီသင်္ဘော ၁၆ စီး ထပ်မံ ထွက်ခွာလျက်ရှိပြီး ယင်းသင်္ဘောများ ဆန်တက်ရာတွင် မြစ်ကမ်းနဘေး ရှိကျေးရွာများကို၊ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတို့ ဖြင့် ဗုံးကျဲတိုက်ခိုက် မှုများ လည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article