25.1 C
Yangon

လားရှိုးမြို့တွင်းနေရာ ၄ ခုတွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှု လူတစ်ဦး သေဆုံးပြီး နေအိမ်တစ်လုံး ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင်းနေရာ ၄ ခုတွင် ရှော့တိုက်ဒုံးများကျရောက်ပေါက်ကွဲမှုကြောင့် လူ တစ်ဦး သေဆုံးပြီး နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း လားရှိုးမြို့နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၉ ရက် ညနေ ၄ နာရီ ၅၀ မိနစ်က လားရှိုးမြို့ အမှတ် ၆ ရပ် ကွက်၊ အမှတ် ၁၀ ရပ် ကွက်၊ စစ်ဆေးရုံဘက်နှင့် တက္ကသိုလ်ဝန်းအတွင်းနေရာတို့၌ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ ပြီး ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားရကာ မီးခိုးလုံးများလည်း ထွက်ပေါ်လာခဲ့ကြောင်း၊ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် အမှတ် ၁၀ ရပ်ကွက်အတွင်းတွင် လူတစ်ဦး ထိခိုက် သေဆုံးကာ အမှတ် ၆ ရပ်ကွက်အတွင်းရှိ လူနေအိမ်တစ်လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“အခုသိရသလောက်ကတော့ ရပ်ကွက် ၆ ၊ ရပ်ကွက် ၁၀ ၊ စစ်ဆေးရုံဘက် တချို့အတည်မပြုသေး တာက တက္ကသိုလ်ထဲလည်း ကျတယ်လို့ ပြောကြတယ်။ အမှတ် ၁၀ ရပ်ကွက်ထဲက လူတစ်ဦး ထိခိုက်သေဆုံးတယ်။ ၆ ရပ်ကွက်ထဲက အိမ်တစ်အိမ်ပဲ ထိခိုက်ပျက်စီးတယ်။ တခြားအထိအခိုက်တော့ မကြားမိသေးဘူး။” ဟု လားရှိုးမြို့နေပြည်သူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

လားရှိုးမြို့ကို MNDAA တပ်ဖွဲ့က ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး တရုတ် နိုင်ငံကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံညှိနှိုင်းကာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် MNDAA တပ်ဖွဲ့ဝင်များ လားရှိုးမြို့မှ ပြန်လည်ထွက်ခွာပေးခဲ့ရ ခြင်းဖြစ်သည်။

ယင်းအချိန်မှစ၍ စစ်ကောင်စီတပ်က လားရှိုးမြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး MNDAA တပ်ဖွဲ့ဝင် များက မြို့ပြင်နေရာများနှင့် ကျေးရွာများကို ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article