29 C
Yangon

မုံရွာနှင့် မြစ်ကြီးနားတွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ၁ဦးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ၁ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၂

စစ်ကိုင်းတိုင်း မုံရွာမြို့ ထနောင်းဝင်း ကျေးရွာတွင် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဗိုလ်ဝင်းကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြို့ပြ ပျောက်ကြားတပ်ဖွဲ့ဖြစ်သော Black Dragon တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြိ့ ညောင်ပင်ရပ်ကွက်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်စိုးကို မတ်လ ၂ရက်နေ့ ညနေ ၆နာရီခန့်တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်စိုးသည် လောင်ကစားဝိုင်းများ ပြည့်တန်ဆာ အခန်းများတွင် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး ငွေကြေး ကောက်ခံနေသူလည်း ဖြစ်ကြောင်း သိရသည်။

Photo – အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဗိုလ်ဝင်း

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article