33.8 C
Yangon

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်နှင့် ၇ နာရီအထိ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြု နိုင်သေးကြောင်း သိရသည်။

” ပျူစခန်းကို သွားရောက် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ဘက်က သေစာရင်းတော့ မသိရသေးဘူး။ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Chindwin Toe Na Yar PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်တစ်ဦးက​ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF၊ ကိုဂျိုး(မန္တလေးခရို်င် တပ်ခွဲ၄)၊ သခင်းဒေါင်းညို၊ ဟိန္နက၊ ယင်းမာပင်တပ်ရင်း၂၉ဒေါင်းမင်း ခွဲ၃၊ တော်လှန်ရေး ကြယ္နီ တပ်ခွဲ၊ YMB ဒုံး၊ ရင်း၁၉ ပုလဲဂျော်ကာ၊ Myanmar National Armed Force၊ Golden star Force၊ Real Hero၊ ဗမာဒေါင်း၊ ရဲကျော်ပျောက်ကြားတပ်ဖွဲ့၊ ဘာမထီ ပွဲတိုင်းကျော်၊ တောသားကြီး၊ စွန်ရဲ၊ အင်ကြင်းမြေစစ်ဘီလူး၊ အာဠာဝက၊ ရွှေဟဿ်ာ၊ စစ်ကျွန်မခံမြွေဆိုးတစ်သိုက်၊ Chindwin Revolutionary Fighter နှင့် စက်ကားလတ် မဟာမိတ်ပူပေါင်းအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article