သပိတ်ကျင်းမြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ မေ ၃
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကိုးပင်ပေါက်အနီး စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တကောင်း တိုက်နယ် – တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ မေလ ၂ ရက် ည ၉ နာရီခွဲခန့်က တကောင်းတိုက်နယ်၊ အင်းနက်ကျေးရွာမှ တကောင်းမြို့သို့ ဆင်းလာသော Double cup 4 wheels အဖြူရောင် ကားတစ်စီးကို ရွှေကိုးပင်လမ်းပေါက်အနီး အ ရောက် မိုင်း ၄ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
“ကားပေါ်မှာက ၇ ယောက်ပါတာ၊ ၃ ယောက်သေတယ်၊ ၃ ယောက်ဒဏ်ရာရတယ်၊ မိုင်းဆွဲပြီးတော့ ကားက ထိုးရပ်သွားတာ၊ ကားလဲပျက်သွားတယ်၊ စစ်ခွေးဘက် ပြန်မပစ်နိုင်ဘူး၊ နာရီဝက်လောက်ကြာ တော့ တကောင်းက နာရေးကားတွေနဲ့ထွက်လာပြီး ကားရော၊ အလောင်းတွေရော၊ လူနာတွေရော သယ် သွားတယ်” ဟု တကောင်းပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို တကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ-Tagaung Defense Force နှင့် လျှပ်စီး ပျောက် ကြားတပ်ဖွဲ့တို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအ ခိုက် မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။