25 C
Yangon

လားရှိုးတွင် အစုရှယ်ယာခေါ်ပြီး အတိုးအမြတ်ပေးသည့် FLOWER GROUP အမည်ခံ လုပ်ငန်းက ပြည်သူ ၈၀၀၀ နီးပါး ထံမှ သိန်းပေါင်း ငါးသောင်းကျော် လိမ်ပြေး

Must read

လားရှိုးတွင် အစုရှယ်ယာခေါ်ပြီး အတိုးအမြတ်ပေးသည့် FLOWER GROUP အမည်ခံ လုပ်ငန်းက ပြည်သူ ၈၀၀၀ နီးပါး ထံမှ သိန်းပေါင်း ငါးသောင်းကျော် လိမ်ပြေး

ရန်ကုန်၊ မေ ၄

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်တွင် အစုရှယ်ယာခေါ်ပြီး အတိုးအဖြစ် အမြတ်ငွေပေးသည့် FLOWER GROUP အမည်ခံ လုပ်ငန်းက ပြည်သူ ၈၀၀၀ နီးပါး ထံမှ သိန်းပေါင်း ငါးသောင်းကျော် လိမ်ပြေးသွားကြောင်း အစုရှယ်ယာရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အာဏာသိမ်းပြီးနောက် ဘဏ်နှင့်ငွေကြေးအကျပ်အတည်းများ ဖြစ်ပေါ်လာချိန် FLOWER GROUP အမည်ဖြင့် စီးပွားရေးလုပ်ငန်းစုက ရှယ်ယာခေါ်ယူပြီး အကျိုးအမြတ် အတိုးပေးသည့် ပုံစံဖြင့် ရှယ်ယာရှင်များ ဖိတ်ခေါ်ခဲ့ကြောင်း၊ ထိုသို့ စီးပွားရေးလုပ်ငန်းတချို့ ပြ၍ ရှယ်ယာခေါ်ယူခဲ့သဖြင့် လားရှိုးမြို့ခံလူထု အလွှာပေါင်းစုံက ရှယ်ယာထည့်ဝင်ကြရာ ယခုရက်ပိုင်းအတွင်း ငွေကျပ်သိန်းပေါင်း ၅၀၀၀၀ ကျော်ခန့် လိမ်လည်ထွက်ပြေးသွားကြောင်း သိရှိရသည်။

“စပြီး ငွေထည့်ခိုင်းတုန်းက အတိုးလေး ပုံမှန်ပေးတယ်။ နောက်တဖြည်းဖြည်း ရှယ်ယာထည့်သူများလာတော့ အတိုးလည်းမရတော့ဘူး။ အရင်းတောင် အရစ်ကျနဲ့ ဟိုနေ့ ပေးမလို ဒီနေ့ ပေးမလိုနဲ့ အခုနောက်ဆုံး ထွက်ပြေးသွားတာ။ အမှုဖွင့်ဖို့ မြို့လူထုကိုယ်စား ဦးဆောင်သူ ၂၀ ဦးခန့် က စီစဥ်ဆောင်ရွက်နေဆဲ၊ညှိနှိုင်းနေဆဲကာလအတွင်း ထွက်ပြေးလွတ်မြောက်သွားတယ်။ Flower group ရဲ့ မန်နေဂျင်း ဒါရိုက်တာက မင်းထက်လင်းပါ” ဟု အစုရှယ်ယာရှင်တစ်ဦးက ပြောသည်။

FLOWER GROUP ထံသို့ လားရှိုးမြို့ခံ လူဦးရေ ၈၀၀၀ ခန့်က လူကိုယ်တိုင်သွား ရောက်၍ စာချုပ်စာတမ်းဖြင့် ငွေကြေးများ ယုံကြည်စွာ ရင်းနှီးမြုပ်နှံထားကြသည့်အပြင် အွန်လိုင်းမှတစ်ဆင့်လည်း ငွေကြေး ရင်းနှီးမြုပ်နှံ ထားသူများရှိကြောင်း ၊ လူကိုယ်တိုင်သွားရောက် ရှယ်ယာထည့်ကြသူများ၏ စုစုပေါင်းငွေကြေးမှာ သိန်းပေါင်း လေးသောင်းနှင့် အွန်လိုင်းမှ ရှယ်ယာထည့်ကြသူများ ၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံငွေမှာ သိန်း တစ်သောင်း ခန့် လိမ်လည်ခံရခြင်း ဖြစ်ကြောင်း သိရှိရသည်။

FLOWER GROUP ကုမ္မဏီက ယခုနှစ် ဖေဖော်ဝါရီလမှစတင်၍ လစဥ် အမြတ် နှင့် အရင်း ထုတ်ပေးမှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ကုမ္ပဏီနှင့် ရင်းနှီးမြုပ်နှံထားသူများအကြား ပြဿနာ ကြီးမားလာကြခြင်းဖြစ်ပြီး တရာစွဲဆိုရန် ပြင်ဆင်သည့် အဆင့်ထိရောက်ရှိလာကြောင်း သိရှိရသည်။

လက်ရှိတွင် FLOWER GROUPက နယ်မြေခံ ပြည်သူ့စစ်များနှင့် ရဲများကို ငွေများပေး၍ စည်းရုံးထားပြီး FLOWER GROUPက ပြည်သူများငွေများဖြင့် လားရှိုး မြို့ ပေါ်တွင် ဆိုင်များ၊ Bar များ၊ လားရှိုးချယ်ရီမြိုင်တွင် မြေကွက်ပေါင်း ၄၇ကွက် ဝယ်ယူထားကြောင်း၊ အခြားသော နေရာများတွင်လည်း ငွေကြေးများ မြေကွက်နှင့်ပိုင်ဆိုင်မှု ပစ္စည်းများ အဖြစ် ဝယ်ယူထားကြောင်း သိရှိရသည်။

“FLOWER GROUP ကုမ္ပဏီ ပိုင်ရှင် မင်းထက်လင်းက လားရှိုးရဲစခန်းမှာ မြို့ခံ ရင်းနှီး မြုပ်နှံသူတွေနဲ့ ညှိနှိုင်းမှုတွေလုပ်နေတုန်း ကျန်းမာရေး အကြောင်းပေ ရဲစခန်းကနေ လှည့်ထွက်သွားတယ်။ လူနာတင်ယာဥ်နဲ့ လားရှိုးဆေးရုံကိုသွားရောက်ခဲ့ပြီး ဆေးရုံတဆင့် ပြင်ပဆေးခန်း ညွှန်းပို့ခဲ့တယ်။ အဲဒီနောက် ပျောက်သွားတယ်။ လူလည်း ရှာမရတော့ဘူး”ဟု အစုရှယ်ယာရှင်တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ငွေကြေးများစွာ လိမ်လည်သွားသည့် FLOWER GROUP ကုမ္ပဏီတွင် ကျင်းပပြုခဲ့လုပ်သော အစည်းအဝေးတစ်ခု။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article