30 C
Yangon

KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်၊ ပြည်သူ ၂ ဦးလည်း ဖမ်းဆီးနှိပ်စက်ခံရ

Must read

KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်၊ ပြည်သူ ၂ ဦးလည်း ဖမ်းဆီးနှိပ်စက်ခံရ

ရန်ကုန်၊ မေ ၅

KNU ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း KNU-ဗဟိုထံမှ သိရသည်။

မေလ ၃ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်တွင် လယ်ဒိုမြို့နယ်၊ နတ်သံကွင်းမြို့၊ တံခွန်တိုင် ရပ်ကွက်တွင် နေထိုင်သည့် စောလေးလေးထူး (ခ) ဝဏ္ဏ သည် ရေတွင်းကုန်း ကျောင်းဘေး ဦးဟန်ကျော်အိမ်မှ အလုပ်ပြန်လာချိန်တွင် နတ်သံကွင်းဆေးရုံရှေ့၌ စစ်တပ်က အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စောလေးလေးထူး (ခ) ဝဏ္ဏကို အကြမ်းဖက် စစ်တပ်က ပစ်သတ် ပြီးနောက် ပိုက်ဆံ အများအပြားထည့်ထားသော လွယ်အိတ် ၁ လုံးနှင့် ဖုန်းတို့ကို ယူဆောင်သွားကြောင်း သိရသည်။

ထို့ပြင် KNU – ကျောက်ကြီးမြို့နယ်၊ ကျောက်မော်ဘုရားကြီး ကျေးရွာမှ အသက် ၄၀ နှစ်အရွယ် စောအယ်မူးသည် ဧပြီလ ၂၅ ရက်နေ့က ရွှေကျင်မြို့သို့ စျေးဝယ်ရန် သွားရောက်စဥ် လမ်းပိုင်းတစ်နေရာ၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၅၇ မှ ဖမ်းဆီးပြီး ခလရ-၃၄၉ စခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသော စောအယ်မူးသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ တပ်သားတစ်ဦးဖြစ်သည်ဟု စွပ်စွဲပြီး အကြမ်းဖက် စစ်တပ်က စခန်းတွင် ဖမ်းဆီး ချုပ်နှောင်ပြီး မျက်နှာကို အဝတ်ဖြင့်ပတ်ချည်ထားပြီး တစ်ကိုယ်လုံးကို ဓာတ်ဆီဖြင့်လောင်းကာ မီးရှို့ခဲ့သည့်အပြင် အကြမ်းဖက် စစ်သားများက စောအယ်မူးကို ၎င်းတို့၏ ကျင်ငယ်ရေဖြင့်ပန်းပြီးမှ မေလ ၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် KNU-မူးမြို့နယ်၊ သပြေညွှန့် ကျေးရွာမှ အသက် ၂၂ နှစ်အရွယ် စောလိုလိုကို အကြမ်းဖက် စစ်တပ်က တလကြာဖမ်းဆီးထားပြီး ဧပြီလ ၂၂ ရက်နေ့တွင် ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့ပြီးနောက် ၎င်း ဖမ်းဆီးခံရချိန်၌ အမျိုးမျိုး ညှင်းပန်း နှိပ်စက်ခံ ခဲ့ရသော ဒဏ်ရာများကြောင့် လက်ရှိထိ ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article