24 C
Yangon

စဉ့်ကူးတွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် လက်နက်ကြီးစခန်းကုန်းကို PDF များက တိုက်ခိုက် ၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး

Must read

စဉ့်ကူးတွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် လက်နက်ကြီးစခန်းကုန်းကို PDF များက တိုက်ခိုက် ၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၇

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အစပ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် လက်နက်ကြီးစခန်းကုန်းကို PDF များက တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

မေလ ၂ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ သပိတ်ကျင်းမြို့နယ်နှင့် စဉ်ကူးမြို့နယ်အစပ်တွင် ရှိသော ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်ပကဖ၊ Nine PDF ၊ Northern PDF ပူးပေါင်းတပ်ဖွဲ့များကြား အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မေလ ၂ ရက်နေ့ နံနက်ပိုင်း အင်အား ၁၀၀ ခန့်ပါသော စစ်တပ် စစ်ကြောင်းက စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာမှ ခုနှစ်တဲစုကျေးရွာ၏ အနောက်ဘက်တွင်ရှိသော ဦးဖိုးဆိတ်တောင်ပေါ်သို့ စစ်ကြောင်းထိုးလာခဲ့ပြီး ၈၁ မမစိန်ပြောင်းဖြင့် ၂ ကြိမ် စတင် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းကို PDF တပ်များက Droneများ၊ ပဒေသာမိုင်းများ၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၊ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စဉ့်ကူးမြို့နယ်၊ ရွှေကျင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၁၅ ကြိမ်ထက် မနည်း ရမ်းသမ်းပစ်ခတ်သောကြောင့် အသက် ၅၈ နှစ်အရွယ် အပြစ်မဲ့ပြည်သူ အမျိုးသမီး (၁) ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၃ ရက်နေ့တွင် ထို စစ်တပ် စစ်ကြောင်းသည် စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ် အစပ်ရှိ ငတန့်အိုင်ကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုးလာခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဦးဖိုးဆိတ်တောင်တွင် နေရာယူထားသော စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ၊ ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး အခြေပြုထားသော တောင်ကုန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ အလစ်အငိုက် ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်က ဆုတ်ခွာသွားပြီး ၈၁ မမ စိန်ပြောင်းလက်နက်ကြီးကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းရဲစခန်းအား ဒရု်နးဖြင့်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF ထံမှ သိရ သည်။

ယမန်နေ့ မေလ ၆ ရက် နေ့လည် ၂ နာရီ ၄၆ မိနစ်ခန့်က ဒရုန်းဖြင့် ဗုံးသီး ၂ လုံး၊ နေ့လည် ၃ နာရီ ၁၀ မိ နစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံး စုစုပေါင်း ၄ လုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ PDF ၊ PPDF –KD ၊ TPDF ၊ ဘီးလင်း ပကဖ နှင့် ကျိုက်ထို ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- စဉ့်ကူးတွင် စစ်တပ်၏ လက်နက်ကြီး ၁ လက်ကို သိမ်းဆည်းရမိထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article