25 C
Yangon

ရန်ကုန်၊ ရွှေပေါက်ကံတွင် မိုင်းမတော်တဆ ဖြစ်၍ UG ရဲဘော် ၁ ဦးကျဆုံးပြီး ၁ ဦးဖမ်းဆီးခံရ၊ မြောက်ဥက္ကလာတွင်လည်း ညီအစ်ကိုလူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ရွှေပေါက်ကံတွင် မိုင်းမတော်တဆ ဖြစ်၍ UG ရဲဘော် ၁ ဦးကျဆုံးပြီး ၁ ဦးဖမ်းဆီးခံရ၊ မြောက်ဥက္ကလာတွင်လည်း ညီအစ်ကိုလူငယ် ၂ ဦးကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ မေ ၁၂

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံ ၁၃ ရပ်ကွက်တွင် မိုင်းမတော်တဆ ဖြစ်၍ UG ရဲဘော် ၁ ဦးကျဆုံးကာ ၁ ဦးဖမ်းဆီးခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် မြောက်ဥက္ကလာမြို့နယ်၊ ရွှေပေါက်ကံ ၁၃ ရပ်ကွက်၊ ဟသာ်တလမ်း၌ မိုင်းမတော်တဆ ဖြစ်ပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် UG ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ကျန် ၁ ဦးမှာ ဖမ်းဆီးခံရကြောင်း သိရသည်။

” ပစ္စည်းကိုဖြုတ်တင် လုပ်နေတဲ့ ကလေးကတော့ ပွဲချင်းပြီး ကျဆုံးခဲ့တယ်။ တစ်ယောက်ကတော့ ဖမ်းမိသွားပါတယ်။ ပတ်၀န်းကျင်က ထွက်ပြေးတာကို လိုက်လံညွှန်ပြလို့မိသွားတာ တစ်ယောက်ကတော့ လွတ်သွားပါတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ နံနက် ၆ နာရီအချိန် မြောက်ဥက္ကလာမြို့နယ်၊ ၁ ရပ်ကွက် သုမိတ္တာ ၁၀ လမ်းတွင် လူငယ်ညီအကိုနှစ်ဦးကို လက်နက်များ ရှိနေသည်ဟုဆိုကာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“လက်နက်တွေ ရှိတယ်ဆိုပြီး ဝင်ဖမ်းတာ။ ပစ္စည်းတွေ့တယ်လို့ပြောတယ်

သူတို့ နဲ့ ပတ်သက်ဆက်နွယ်တဲ့သူတွေရှိရင်ရှောင်လို့ရအောင်လို့ပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article